Tuesday, July 20, 2021

Preachers and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၂)

 Preachers တရားဟောဆရာတွေက ကိုယ့်အသိုင်းအဝန်းကို သတိပေးစရာ၊ ထိန်းသိမ်းစရာတွေ ရှိပါတယ်။
သတိထားစရာတွေက  .....

၁။ စည်းကမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ဖို့ လိုပါတယ်။  

ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို တချို့က ရှဲနေတယ်။ မူလပြောတဲ့သူ ဘယ်သူမှန်းမသိ။ ဘယ်လောက် တတ်ကျွမ်းနားလည်လဲ မသိ။ စိတ်စေတနာ မှန်ရဲ့လား မသိ။ တွေ့သမျှ ရှဲနေပုံက ဆယ်ကျော်သက်မလေးက မျက်လုံးချင်း ဆုံသမျှ ရင်ခုံနေသလိုဖြစ်နေတယ်။ အဲဒီတော့ မဆန်းစစ်ဘဲ ဖေ့စ်ဘွတ်သုံးရင် ကြာတော့ စိတ်ပူလာမယ်။ ကြောက်လာမယ်။ စိတ်မငြိမ်ရင် အလွဲအမှားတွေ ဖြစ်တတ်ပါတယ်။ 

စကားတခွန်း ကြားဖူးပါတယ်။ "ကိုယ်က ကားဆရာ မဟုတ်ရင်၊ ခရီးသည်တွေ ဘယ်မှာ ဆင်းရမယ် ဆိုတာ မပြောပါနဲ့" တဲ့။ မြင်ယောင်ကြည့်ပါ။ အဝေးပြေးကားတစီးပေါ်မှာ၊ ခရီးသည်တွေကြားမှာ လူတယောက်က ခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ လမ်းကြောမသိဘဲ၊ "ဟေ့လူ၊ ခင်ဗျားဆင်းရမယ့်ရွာ ရောက်တော့မယ်၊ ပြင်ထား၊ ကျော်သွားမယ်" လို့ ကားပေါ်ရှိ လူတိုင်းကို ပြောနေတယ် ဆိုပါတော့။ ခရီးသည်တွေ ကမောက်ကမ ဖြစ်ကုန်တော့မှာပါပဲ။ အဲဒီတော့ ကိုယ်က ဆရာဝန်မဟုတ်ရင် ရောဂါအကြောင်း၊ ဆေးအကြောင်းတွေ သိပ်မပြောသင့်ဘူး။ ဆရာဝန်တွေဆိုရင်လည်း တယောက်နဲ့တယောက် အယူအဆ မတူကြတော့ ဘယ်ဟာ ပိုကောင်းမလဲလို့ စဉ်းစားဖို့လိုပါသေးတယ်။

၂။ ကိုယ်ကိုယ်တိုင်က အဆိုးမြင်စိတ် ရှိမနေသင့်ဘူး။

ကိုဗစ်ရောဂါသတင်းကြားရတာနဲ့ တပြိုင်နက် နောက်တပတ် ဆန်းဒေးမှာ ကိုဗစ်နဲ့ပတ်သက်ပြီး တရားစဟောကြပါတော့တယ်။ မဟောတဲ့ဆရာ သိပ်ရှားပါတယ်။ အများစုက အချက်အလက် မရှာဖွေ၊ မလေ့လာဘဲ ခံစားချက်နဲ့ ဟောတတ်ပါတယ်။ အဆုံးသတ်မှာတော့ ကပ်ရောဂါတွေဖြစ်နေပြီ၊ သခင်ဘုရားကြွလာတော့မယ်၊ ဘေးဒဏ်ကြီးကာလ ရောက်တော့မယ်၊ အသင့်ပြင်ကြလို့ နိုးဆော်ကြတယ်။ ဒါဟာ ကျမ်းစာကို သေချာမလေ့လာဘဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ အဆိုးမြင်အခံရှိတဲ့သူ - pessimist ဖြစ်နေတာပါ။
စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေဟာ ကမ္ဘာဉီးကတည်းက ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲမရှိတဲ့နှစ်၊ သဘာဝဘေး မရှိတဲ့နှစ်၊ ရောဂါဘယ မရှိတဲ့ နှစ်ကာလဟာ မရှိသလောက်ပါပဲ။ တနေရာမှာတော့ ရှိနေစမြဲပါပဲ။ အပြစ်ကြောင့် ကျိန်ခြင်းအမဂ်လာ ခံစားနေရတဲ့ ကမ္ဘာလောကကြီးရဲ့ သဘာဝပါ။  ဘေးဒဏ်ကြီးကာလမှာ ကပ်ရောဂါ၊ စစ်ပွဲ၊ သဘာဝဘေးဏက်တွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်သူက ဘေးဒဏ်ကြီးကာလမှာ ဖြတ်သွားဖို့ မဟုတ်ဘူး။ ချီဆောင်ခြင်းမှာ ပါသွားဖို့၊ သိမ်းဆည်းခံရဖို့ပါ။ ဒါကို တချို့က သူတို့နိုးနိုးကြားကြားရှိနေတယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးသောကာလရောက်တော့မယ်လို့ အလွဲ‌ပြောကြတာပါ။ Dr. John R. Rice ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။ "ယုံကြည်သူက နိမိတ်လက္ခဏာ signs တွေကို ကြည့်နေရမှာ မဟုတ်ဘူး၊ ကယ်တင်ရှင် Savior ကို မြော်လင့်နေရမှာ" လို့ ဆိုပါတယ်။  

၃။ အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုတယ်။

"ကာလအချိန်တို့ကို နားလည်၍ ....... အဘယ်သို့ပြုရမည်ကို သိတတ်သော .... ဣသခါအမျိုးသား (၅ ရာ ၁၂: ၃၂)
ကပ်ရောဂါကို တွေ့ကြုံနေရချိန်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာ သိရပါမယ်။
(က) ဘာအကြောင်းကြောင့်မှ လူစုလူဝေး မလုပ်သင့်တာကို သတိထားရပါမယ်။ သာရေး၊ နာရေးမှအစ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာအရေးကြောင့်မှ လူစုလူဝေးမလုပ်သင့်တာကို သတိထားရပါမယ်။ တခါတလေ မာနတ်ကများ တမင်နိုးဆော်နေသလား မှတ်ရတယ်။ ကပ်ရောဂါကာလမှာ ခဏခဏ လူစုဝေးမိတတ်ကြပါတယ်။
(ခ) ကိုယ်ခံအားကောင်းဖို့ လိုချိန်၊ ကောင်းကောင်းမွန်မွန် စားနိုင်ဖို့ လိုချိန်၊ ပေးဝေငှရမယ့်အချိန်မှာမှ တချို့က အစာရှောင်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ နည်းနည်းတော့ လွဲနေတယ်။ ဣသရေလလူမျိုးတွေ စစ်တိုက်နေရလို့ မောနေချိန်မှာ အနီးအနားမှာ ပျားရည်အလျံပယ် ပေါနေပေမယ့် စစ်ပွဲမပြီးမချင်း ဘာမှ မစားရဘူးလို့ အမိန့်ထုတ်တဲ့ ဘုရင့်သား အာဗရှလုံလို ဖြစ်နေတယ်။ သက်သက်မဲ့ နှောက်ယှက်သလိုဖြစ်ပြီး ပိုပင်ပန်းကြ၊ ဒုက္ခရောက်ကြတာပေါ့။ အလကားနေရင်း စိတ်အားကြီးကြောင်းပြတာ မကောင်းပါဘူး။ ဒါကို ကျမ်းစာက vain glory - အချည်းနှီးသော ကျော်ဇောခြင်း၊ အလကား နာမည်ကြီးချင်တာ လို့ ပြောပါတယ်။ မလုပ်ကြပါနဲ့။

၄။ တတ်နိုင်သမျှ ကူညီရမယ့်အချိန် ဖြစ်ပါတယ်။

အဟာရရှိအောင် ကောင်းကောင်းစားပါလို့ ပြောနေပေမယ့် ဆင်းရဲတဲ့သူက ဘာစားပါ့မလဲ?
ကျန်းမာအောင် ဂရုစိုက်နော် ဆိုပေမယ့် သူကိုယ်တိုင် မလုပ်နိုင် မကိုင်နိုင်သူက ဘယ်လို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုစုပါ့မလဲ?
"ညီအကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသော အစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျင် အဘယ်အကျိုးရှိသနည်း။" ယာကုပ် ၂: ၁၅- ၁၆။
ဆရာတွေက ဒါကို မေ့နေသလား? အသင်းတော်က ဒါကို မေ့နေသလား? သတိရရမယ့်အချိန်ပါ။

Monday, July 19, 2021

People and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း

 လူအမျိုးမျိုးဆိုတော့ ဆင်ခြင်ပုံ၊ တုန့်ပြန်ပုံ အမျိုးမျိုးပါပဲ။
တချို့က ခပ်ပေါ့ပေါ့ပဲ။ "ကိုဗစ်"" ကို "ငဗစ်" လို့တောင် ပြောင်လှောင် ခေါ်ကြတယ်။ အစပိုင်းမှာ ကိုဗစ်နဲ့ပါတ်သက်လို့ ဟာသအမျိုးမျိုး ထွက်လာတယ်။ ပညာပေး သီချင်းတွေလည်း ပေါပေါပဲပဲ ထွက်လာတယ်။ တချို့က အဲဒီထဲက သီချင်းတပုဒ်ကို ဖုန်း Ring tone အဖြစ်တောင် သုံးလာတယ်။ တကယ်တော့ Covid 19 က အသံကြားရုံနဲ့ကို ကြောက်စရာပါ။ ဒီလိုသီချင်းတွေလည်း မကြားနိုင်ပါ။ ပျော်စရာမှ မဟုတ်တာ။
အစပိုင်း သတင်းကြားခါစမှာကို အမေရိကားနဲ့ ဥရောပမှာ အသေအပျောက် အရမ်းများနေတယ်။ ဗြိတိန်မှာ တော်ဝင်မိသားစုရဲ့ ချားစ်မင်းသား ပိုးကူးစက်ခံရတယ်။ ကူးစက်ခံရသူများလွန်းလို့ ယာယီဆေးရုံတွေ အမြန်ဆောက်ကြရတယ်။
ဒီလောက်ကြောက်စရာကောင်းနေပေမယ့် တချို့က ဘာလုပ်ကြမလဲဆိုတာထက် ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုစိတ်ဝင်စားနေခဲ့ကြတယ်။ ဒါကြောင့်မေးခွန်းတွေ မေးခဲ့ကြတယ်။

၁။ သဘာဝအရ လင်းနို့၊ ခွေး စတဲ့ တိရစ္ဆာန်တွေမှ ကူးစက်တာလား?

တကယ်တော့ ဒါတွေက ဂျင်းသီတင်းတွေ ထွက်လာတာ။ အာရုံလွှဲဖို့ ကြိုးစားတာ။ အရေးထဲ တချို့သပ်သပ်လွတ်သမားတွေက အသားငါးစားရင် ဒီလိုရောဂါဆန်းတွေ ဖြစ်လိမ့်မယ်လို့ လော်လိုက်ကြသေးတယ်။ တကယ်တော့ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်ပါ။ သူတို့ အဖြေရှာပါလိမ့်မယ်။ ကိုယ်က ဆေးပညာရှင် မဟုတ်ရင်  ဒါကို ဆုံးဖြတ်ဖို့က ကိုယ့်အလုပ် မဟုတ်ဘူး။

၂။ လူလုပ်တဲ့ ဇီဝလက်နက်လား?

တရုတ်ပြည်က စစ်ဖြစ်လို့ တရုတ်အကြံလားဆိုပြီး သံသယရှိခဲ့ကြတယ်။ အစက စဖြစ်တဲ့ မြို့ကို အစွဲပြုပြီး "ဝူဟန်" ဗိုင်းရပ်လို့ ခေါ်ခဲ့တယ်။ မကြာခင်ပဲ တရုတ်ပြည်ကို အပြစ်တင်မှာစိုးလို့ "Covid 19" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောင်းခေါ်ခဲ့တယ်။ ဒါပေမယ့် သမတ ဒေါ်နယ်ထရန့်က တမင်ပဲ "China virus" လို့ ခေါ်လိုက်တော့ သူ့ရန်သူတွေက "ဒါက အမုန်းတရား၊ လူမျိုးရေး အစွန်းရောက်" လို့ ဝိုင်းပြီး တိုက်ခိုက်လိုက်ကြတယ်။  ဒါကို ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားက ဆုံးဖြတ်ရမှာပါ။ အချိန် လိုကောင်း လိုမှာပါ။ စုံစမ်းရဦးမှာကိုး။ ဒါဆို ဘာပဲ စဉ်းစားလို့ ရနိုင်မလဲ? 

ရောဂါပိုးရဲ့သဘာဝ။ သူက လေထဲမှာ လွင့်ပျံနေပြီးတော့ ကူးစက်တာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက ဆိုတယ်။ အနေနီးမှ အသက်ရှုလမ်းကြောင်းကနေ ကူးတယ်။ အဲဒီတော့ လူစုလူဝေးကို ရှောင်ရမယ်။ Social Distance လုပ်ရမယ်။ "Socially Distanced, But spiritually Connected" လို့ အကြံပေးကြတယ်။ "စိတ်ပေါင်း၊ ကိုယ်ခွါ" ပေါ့။ လူစုလူဝေးကို ရှောင်ပါဆိုတော့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ? 

A. ပညာရေးမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားရဖို့ များသွားပြီ။ 

စာသင်တာ၊ ပညာသင်တာ ကောင်းပေမယ့် ပညာနဲ့ တွဲပါလာတတ်တဲ့ ပညာမာနဟာ မကောင်းလှဘူး။ အခုတော့ အ‌ခြေအနေအရ တချို့အရသာလေးတွေ လျော့ရတော့မယ်။ တက္ကသိုလ်ကျော်းတော်ကြီးမှာ ပညာရတနာတွေ ရှာဖွေဆည်းပူးနေတယ်၊ ငါဟာ ပညာတတ်ဖြစ်တော့မယ် ဆိုတဲ့ ဖီလင်လေး လျှော့ရတော့မယ်၊ ပညာမာနရဲ့ အရသာလေး ပျက်တော့မယ်။ အဲဒီတော့ လူစုလူဝေး မဟုတ်ဘဲ ဘယ်လို ပညာသင်မလဲ? ကျောင်းမတက်ဘဲ ဘယ်လို ပညာလေ့လာမလဲ? အခြေအနေက ရှိနေပါပြီ။ အင်တာနက်က လမ်းဖွင့်ပေးနေပါပြီ။ အင်တာနက်ကနေ စာသင်ရမယ်၊ လေ့လာရတော့မယ်။ ဒါကို အများစုက မပြောင်းချင်သေးဘူး။ ကျောင်းသွားတက်မှ၊ ဆရာနဲ့ သင်မှ ဆိုတဲ့ နည်းဟောင်းလေးကို ဖက်တွယ်နေချင်ကြတယ်။ "ကျွန်တော့ကလေးက အဖေနဲ့အမေကို မကြောက်ဘူးဗျ၊ သူ့ဆရာမမှ ကြောက်တာ။" ဆိုတဲ့ နည်းဟောင်းကြီးကို ပြောင်းပစ်၊ ထားပစ်ခဲ့ရမှာ။ အဲဒီတော့ အခြေအနေအရ အိမ်ကနေ စာသင်တဲ့ခေတ်ကို သွားကိုသွားရတော့မှာပါ။ အဲဒီတော့ ကိုဗစ်ကြောင့် ပညာရေးဟာ ပြောင်းကို ပြောင်းရတော့မှာပါ။ 

B. နိုင်ငံရေးမှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြတာ၊ လူစုလူဝေးနဲ့ မိန့်ခွန်းပြောတာတွေ လျော့ရပါတော့မယ်။ 

ဒါပေမယ့် လူ့သဘာဝကြောင့် ထင်တယ်။ မလိုတာကို လုပ်ချင်တော့ ကိုဗစ်အစပိုင်းက ကမ္ဘာတဝန်းမှာ ဆန္ဒပြပွဲတွေ ပိုများလာခဲ့တယ် ထင်ရတယ်။ နိုင်ငံရေးအရ မကြေနပ်တာကို လူစုလူဝေး မလုပ်ဘဲ တခြားနည်းနဲ့ ဆန္ဒပြ။ ထုတ်ဖေါ်ကြရမှာပါ။
ဒီနေရာမှာ အမေရိကန်ပါတီကြီးနှစ်ခု အယူအဆ မတူတာကိုလည်း တွေ့ရတယ်။ ဒေါ်နယ်ထရန့်က ကိုဗစ်ပိုးဟာ လေဟာပြင်မှာ ကူးဖို့မလွယ်ဘူး။ ဒါကြောင့် လေဟာပြင်မှာ Mask တပ်ဖို့ မလိုဘူး။ အလုံပိတ်အခန်းတွေ၊ ကုန်တိုက်ကြီးတွေ၊  စားသောက်ဆိုင်၊ ရုံးခန်းတွေရဲ့ အတွင်းမှာသာ တတ်ရမယ်လို့ ဆိုတယ်။ လေသာတဲ့ပြင်ပမှာ မလိုဘူးလို့ ဆိုတယ်။ ဒါကို ဂျိုးဘိုင်ဒန်တို့က အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရန့်ဟာ တယူသန်၊ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို ပစ်ပယ်တယ်လို့ ဂျင်းထည့်ပါတယ်။ အဲဒီတော့ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်က အိပ်ကပ်ထဲက Mask ကို ထုတ်ပြပြီး လိုရင်တပ်ဖို့ ဆောင်ထားပါတယ်လို့ ပြန်ပြောခဲ့တယ်။
ဒီတိုင်းပြည်မှာလည်း ဘယ်အစိုးရတက်တက် အောက်ခြေမှာကို အာဏာရူးက အများသားလား။ သူတို့ချတဲ့ စည်းကမ်း မလိုက်နာရင် ဒဏ်ရိုက်မယ်ဆိုတာချည်းပဲ။ လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ စက်ဘီး၊ ဆိုင်ကယ်နဲ့သွားရင်လည်း mask မပါရင် ဒဏ်ရိုက်တယ်။ တကယ်လိုတာက အလုံပိတ် ဆိုင်ခန်းတွေ၊ ရုံးတွေမှာ ဂရုစိုက်ဖို့ လိုတာ မဟုတ်လား? ဒါပေမယ့် နားမလည်ဘဲ အာဏာပဲပြတတ်သူတွေ လူကြီးဖြစ်တဲ့ ခေတ်တိုင်းမှာ သည်းခံနေရတာပါပဲ။

C. ဘာသာရေးမှာ ဘုရားကျောင်းမှာ စုဝေးဝတ်ပြုတာကို သတိထားရတော့မယ်။ 

အရင်ကတော့ ဘုရားကျောင်းမှန်မှန်မတက်ရင် ဘုရားတရားအားနည်းတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဦးဆောင်သူတွေ အားထုတ်ရင် အားထုတ်သလို အတိုင်းအတာ တခုစီ အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ လူစုတာ ခေတ်စားလာတယ်။ ဒါပေမယ့် ဘုရားသခင့် စိတ်တော်နဲ့ တွေ့ရဲ့လား ဆိုတာတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ ဘာသာရေးက ကိုယ်ထင်ရာ၊ စိတ်ကြေနပ်ရင်ပြီးရော လုပ်ရတာမျိုး မဟုတ်ဘူးလေ။

အလေ့အလာ၊ အနေအထိုင်တွေ ပြောင်းဖို့ လိုလာပြီ။ ဒါပေမယ့် တချို့က ဒါကို သတိမထားမိဘူး။ ဇွတ်တိုးကြတယ်။ လူမစုရဆိုတဲ့ အစိုးရအမိန့်ကို နားထောင်မလား? ဘုရားသခင့်စကား နားထောင်မလားလို့ ဆင်ခြေပေးကြတယ်။

အမှန်က အခြေအနေကို နားမလည်တာ။ လူ့လောကမှာ သဘာဝရဲ့စည်းကမ်း - Principle လေးတွေ ရှိတယ်။ လူကနေတဆင့် ကူးနေတော့ လူစုရင် ပိုကူးမှာပေါ့။ ဒီစည်းကမ်း Principle ကို ဖေါက်ရင် အုပ်စိုးစူ သမတ၊ ဝန်ကြီးချုပ်ဟာ သက်တော်စောင့်တွေကြားက ထိပါတယ်။ ဘာသာရေးသမားလည်း တရားစကား အကွာအကွယ်ကြားက ထိပါတယ်။ တခါတရံမှာ တချို့နိုင်ငံရေးသမားဟာ လေပစ်ပြီး ရွေးကောက်ပွဲ အနိုင်ယူသွားတာ ရှိသလို၊ တချို့ဘာသာရေးသမားကလည်း လက်တွေ့လူ့ဘဝနဲ့ ကင်းကွာပြီး အာကာမှာ ဝဲနေတတ်တယ်။
စီလီကွန်ဗဲလီးမှာ ထိပ်တန်းသင်းအုပ်ဆရာတယောက် ရှိတယ်။ သူတို့ပြည်နယ်က လူစုဝေးခွင့် တားမြစ်ထားတယ်။ သူက လက်မခံဘူး။ ဘုရားကျောင်းမှာ လူစုတယ်။ ပြည်နယ်အစိုးရက ဒဏ်ရိုက်တယ်။  ဒေါ်လာ သောင်းချီ ပေးရတယ်။ အခန်းထဲ လူမစုရတော့ ကျောင်းဝိုင်းထဲမှာ ကားတွေပေါ်ကနေ တရားနာကြတယ်။ အာမင်ထူးချင်လာရင် ဟွန်းတီးလိုက်ကြတယ်။ ဒါမျိုးတွေ မြင်ရကြားရရင် မရီရင်တောင် ပြုံးမိကြတာပါပဲ။ နည်းနည်းတော့ များသွားပြီလို့ ထင်စရာပါပဲ။ သူက တော်သေးတယ်။ တချို့က ဒေါ်လာ သန်းနဲ့ချီအောင် ဒဏ်ကြေးပေးကြရတယ်။ တချို့ ထောင်ကျတယ်။ သူတို့ဖက်က ပြန်ပြောတာက ပျော်ပွဲရွှင်ပွဲတွေ၊ ရုပ်ရှင်တွေ၊ သီရက်တာတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ဘာသာရေးကျတော့ ပိတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ အဲဒီဒဏ်ကြေးငွေတွေကို ကိုဗစ်ဝေဒနာခံစားနေရတဲ့ တခြားဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကို ကူရရင် ပိုကောင်းမှာပါ။ တကယ်တော့ သူတို့ဟာ ဘာသာရေးယုံကြည်မှုနဲ့ နိုင်ငံသားအခွင့်အရေးကိုပဲ တွေးနေရင်း တခြားဘဝတွေကို မေ့နေကြတာပါ။

Monday, July 12, 2021

အာဏာ အကြောင်း - တပိုင်းတစ


ဗာဗုလုန်ပြည်ရဲ့ ရှင်ဘုရင် နေဗုခ နေဇာက ထူးဆန်းတဲ့ အိပ် မ က် ကို မ က်တယ်။ အဲဒီ အိပ် မ က် က ကမ္ဘာ့ရဲ့ အုပ်ချုပ်ရေး ပုံစံတွေကို ဘုရားက ကြိုတင် နိမိတ်ပေး ပြောပြတာ ဖြစ်တယ်။ (ဒံယေလ အနာဂတ္တိကျမ်း)
အိပ် မ က် မှာ ရုပ်တုအကြီးကြီး ရှိတယ်။
၁။ ခေါင်းပိုင်းက - ရွှေ
- ဘေဘီလွန် နိုင်ငံတော် - B.C 606 - 539 - သက်ဦးဆံပိုင် ဘုရင်စနစ်
၂။ ရင်ဘတ်နဲ့ လက် မောင်း - ငွေ
- ပါးရှား နိုင်ငံတော် - B.C 539 - 331 - စည်းမျည်းခံ ဘုရင်စနစ်
၃။ ဝမ်းဗိုက်နဲ့ ပေါင် - ကြေး
- ဂရိ နိုင်ငံတော် - B.C 331 - 323 - စစ်အုပ်ချုပ်ရေးစနစ်
၄။ ခြေတံနဲ့ ခြေဖျားပိုင်း - သံနဲ့ သရွတ် (ဘိလပ်မြေ)
- ရောမ နိုင်ငံ - B.C 322 -A.D 476 နဲ့ အနာဂတ်ကာလ - ဒီမိုကရေစီစနစ်
ခရစ်ယာန်ကျမ်းစာ အယူအဆအရ လူတွေ အုပ်ချုပ် အာဏာရနေတာဟာ ဘုရား အခွင့်ပေးထားလို့ ပါ။ နောက်ဆုံးမှာ ရုပ်တုကို လူ့လက်ဖြင့် မလုပ်တဲ့ ကျောက်တုံးတတုံးက ထိခိုက်ပြီး ရုပ်တု ပြိုလဲမယ်။ ဆိုလိုတာက ဘုရားကိုယ်တိုင် အုပ်ချုပ် အာဏာသိမ်းပြီးမှ ကမ္ဘာကုန်မယ်။ ဒီကြားကာလမှာ လူတွေ အုပ်ချုပ်နေတယ်။ သတိထားစရာက .....
၁။ အာဏာက တဖြည်းဖြည်း ကျလာတယ်။ ရွှေ၊ ငွေ၊ ကြေးကနေ သံနဲ့ သရွတ် အထိ။ မှိန်လာတယ်။
၂။ လူတွေရဲ့ နောက်ဆုံးအုပ်ချုပ်ရေး စနစ်ဟာ ဒီမိုကရေစီစနစ် လို့ ​ဆိုနိုင်တယ်။
၃။ ပြည်တွင်း စစ်အုပ်ချုပ်ရေးမှာ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ အာဏာရှင် အပြည့်အဝ၊ သူတယောက်တည်း၊ တခြားသူ မရှိ။ ဒုတိယက သူနဲ့အတူ ခရိုနီတွေ မွေးလာရတယ်။ တတိယက အခက်အခဲမျိုးစုံနဲ့။ ပါဝါက တဖြည်းဖြည်း ကျလာတယ်။
၄။ ဒီမိုကရေစီဟာ မတူတဲ့အရာတွေ (သံနဲ့သရွတ်) ပေါင်းထားတယ်။ တကယ် တသားတည်းတော့ မဖြစ်ဘူး။ ဒါကြောင့် ဒီမိုကရေစီဟာ unity in diversity - "မတူဘဲ ညီရတာ" ဆိုတော့ နေလို့ရရုံ သည်းခံပေါင်းကြရတာမျိုး ဖြစ်တယ်။
အဲဒီလို နေတတ်ဖို့လည်း သင်ယူကြရဦးမယ်။ အခု အတူဆန္ဒပြပေမယ့် တယောက်နဲ့တယောက် အရာရာမှာ အယူအဆ၊ အကြိုက် တူကြတာ မဟုတ်ဘူး။ ဆန္ဒပြလူငယ်တချို့က အဆိုတော်လေးကို ထောက်ခံတာ မြင်ရတုန်းက မျက်ခုံးပင့်မိတယ်။ စစ်အာဏာရှင်ကို တော်လှန်နေတုန်းမှာ လူလတ်တွေက ခရိုနီကို လော်ဘီ လုပ်တော့ နှုတ်ခမ်းရွဲ့အောင် မဲ့မိတယ်။ ဒီမိုကရေစီရချင်တဲ့ လူကြီးတချို့က စစ်လော်ဘီရဲ့ ပို့စ်တွေကို ဘုမသိ ဘမသိ ရှဲတော့ ဘာထူးသလဲ၊ စိတ်ရင်းက အတူတူပဲ ဆိုပြီး ခေါင်းခါမိတယ်။
အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီခေတ် ရောက်တော့မယ်။ အချိန်တန်ပြီလေ။ ဒါပေမယ့် အခြေအနေသစ်မှာ အများကြီး သင်ယူစရာတွေ ရှိပါတယ်။
- စိတ်ရင်းကောင်းအောင် ကိုယ့်စိတ်ကို ကောင်းအောင် မပြုပြင်ရင် ဘယ်ခေတ်ရောက်ရောက် လူကောင်း မဖြစ်ဘူး။
- ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့ စိတ်ကလေး မရှိရင် ဒီမိုကရေစီခေတ်မှာ ဆန္ဒတွေ ဆက်ပြနေလိမ့်ဦးမယ်။
- လေ့လာသင်ယူလိုစိတ် မရှိရင် ဘယ်တော့မှ ပညာ တိုးလာမှာ မဟုတ်ဘူး။
- အလုပ်ကြိုးစားချင်စိတ် မရှိရင် ကိုယ်နေတဲ့ အိမ်ကလေးကနေ တိုက်အမြင့်ကြီးကို လှမ်းကြည့်ရင်း နောင်ဆိုရင် မင်းထက်သာမယ် လို့ ပြောလည်း တကယ်ဖြစ်လာမှာ မဟုတ်ဘူး။

Saturday, August 15, 2020

"ပျားကလေးတွေ ပျံသွားပြီ။"

Bee



အကြောင်းအမျိုးမျိုးနဲ့ သစ်ပင်တွေ ခုတ်ပစ်တဲ့အတွက် တောပြုန်းလာတယ်။ မြစ်ကြီးနားကနေ မန္တလေးကို ရထားစီးလာတဲ့အခါ အစပိုင်းမှာ တောအုပ်တွေ စိမ်းစိမ်းစိုစို တွေ့တယ်။ နောက်ပိုင်း ဦးအောင်ဇေယျတို့ ဇာတိမြေကို ရောက်တော့ တောပျောက်သွားပြီး။ ဘရိတ်မအုပ်ဘဲ စစ်ပဲတိုက်တာလေ။ စစ်ကိုင်း၊ မန္တလေးနား ရောက်တော့ ဆူးပင်၊ ထနောင်းပင်ပဲ အတွေ့များတယ်။
အညာဟာ နွေမှာ အပူဒဏ်ကို သေလုအောင်ခံရတယ်။ သစ်ပင်ပြန်စိုက်ဖို့ အရေးတကြီး လိုနေပြီ။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဖြစ်ကြဘူး။ တောထဲက သစ်ပင်တော့ ထားပါဦး။ ကိုယ့်ခြံထဲက သစ်ပင်ကို နွေရာသီ နေပူထဲမှာ ခုတ်တဲ့ အိမ်နီးချင်းတွေကို မြင်ရတော့ သာမန် မသိရုံမဟုတ်တော့ဘူး။ မကောင်းဆိုးဝါး ဝင်စီးနေသလား ထင်မိတယ်။ ပူပါတယ်ဆိုမှ ရှိတဲ့အရိပ်ကို ခုတ်ပစ်နေတာကိုး။
ကိုယ့်ဝိုင်းထဲမှာ တတ်နိုင်သမျ သစ်ပင်စိုက်တော့လည်း အနှောက်အယှက်က ရှိတယ်။ ကိုယ့်ကလေးတွေပေါ့။ သစ်ရွက်တွေ ခူး၊ သစ်ကိုင်းတွေ ချိုး။ ဘာရယ်မဟုတ်၊ ဖြတ်သွားရင်း သစ်ရွက်တွေကို လက်ထဲ ဆုပ်ဆွဲ ပွတ်ဆွဲသွားကြတယ်။ ပြီးတော့ လက်ဖဝါးဖြန့်ပြီး သစ်ရွက်တွေ မြေပေါ် ပစ်ချ။ တကယ့်နှမြောစရာ။ "သစ်ပင်လေးတွေ သနားစရာကွာ၊ ကြီးဖို့ အားယူတုန်းမှာ မင်းတို့က အရွက်တွေ လာဆွဲတော့ အပင်ကလေးတွေ နာနေမှာပေါ့၊ ငါတို့လက်ကို လိမ်ဆွဲခံရသလိုပေါ့" လို့ ပြောရ တားရတယ်။
သူတို့ရန်က အေးသွားတော့ ဝိုင်းထဲမှာ သစ်ပင်လေးတွေ စိမ်းစိုလာတယ်။ အရိပ်ကောင်းလာတယ်။ အပူရှိန် သက်သာပြီး အအေးဓါတ်ရလာတယ်။ နေပူထဲကလာသူတွေ ကိုယ့်ဆီရောက်ရင် "အမယ်၊ ဒီနေရာလေးက အေးသားဟ" ဆိုပြီး အေးရိပ်ကလေးကို ခံစားကြ၊ ကြည်နူးကြတယ်။
ပန်းပင်တွေ ရှိတော့ ပျားကလေးတွေလည်း ရောက်လာတယ်။ ကလေးတွေက ပျားအုံတွေ့ရင် လာပြောတယ်။ "ပျားမဖွတ်နဲ့နော်၊ ပျားမျိုး ပြုတ်နေမယ်၊ နောင် ပျားတွေ ပွါးလာမှ နည်းနည်းပါးပါး ပျားရည် စားပေါ့" လို့ မှာရတယ်။ တဖြည်းဖြည်းနဲ့ ပျားအုံတွေ များလာပြီ။ ပျားတွေ ပွါးလာပြီပေါ့။
ဒါပေမယ့် အခု မိုးတွင်းရောက်တော့ ညနေခင်းဆို ခြင်က တအားကိုက်တယ်။ မနေနိုင်တော့ သစ်ရွက်ခြောက်နဲ့ မီးကလေး ဖိုကြတယ်။ ဟိုနား တပုံ၊ ဒီနား တပုံပေါ့။ အဆင်ပြေတယ်၊ ခြင်ကိုက် သက်သာတယ်။ ညနေတိုင်း မီးကလေးတွေ ဖိုကြတယ်။ တနေ့တော့ တယောက်က လာပြောတယ်။ "ပျားအုံတွေ မရှိတော့ဘူး။ ညနေတိုင်း မီးဖိုကြတာကိုး။" တဲ့။ "ဟာ" ဆိုပြီး တအံတဩနဲ့ စိတ်မကောင်းဖြစ်သွားတယ်။ အဲဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး။ လူတွေကတော့ တော်ရုံ မီးခိုးနံ့ကို ခံနိုင်တာပေါ့။ ပျားကလေးတွေက ပန်းရနံ့တွေကို အနံ့ခံတဲ့သူဆိုတော့ အနံ့တွေနဲ့ပါတ်သက်ရင် sensitive ဖြစ်တယ် ထင်တယ်။ အရမ်းသိလွယ်၊ ခံစားလွယ်မယ်။ ကိုယ့်မွှေးတဲ့ မီးခိုးလေးတွေ လေမှာ ဝှေ့ရုံနဲ့ သူတို့ခမျာ နေမရဖြစ်မယ် ထင်တယ်။ မွှေးတဲ့ပန်းရနံ့ကို ခံစားနေကျ ပျားလေးဟာ မီးခိုးနံ့တွေကို မခံနိုင်ဘူး။ Sorry, ပျားကလေးတွေရေ၊ ငါတို့ လက်လွန်သွားပြီ။ မှားသွားပြီ။ ပျားကလေးတွေ ပျံသွားပြီ။
ဝူဟန်ဗိုင်းရပ်စ်ကို အကြောက်လွန် ထိတ်ထိတ်ပြာပြာဖြစ်ပြီး ဥပဒေ၊ အာဏာတွေပြခံရတဲ့ ဒေသအသီးသီးက လူတွေ (တပည့်မှားတော့ ဗျောတီး၊ ဆရာမှားတော့ ဆောရီး။ အမှားလုပ်တာချင်းတူတူ သူ့သားလေးကျ မရိုက်ဘူး ဆိုတဲ့ ဇာတ်လမ်းတွေ)။ တိုင်းပြည်တိုးတက်ဖို့ ဘာစေတနာ၊ ဘာအတတ်ပညာမှ မရှိဘဲ နိုင်ငံရေးတွေ နေ့တိုင်းပြော၊ နေ့တိုင်းဆဲနေတဲ့ ပြည်သူပြည်သားတွေ။ အမုန်းစကားတွေပြော၊ ပြဿနာ အမြဲရှာနေတဲ့ လူယုတ်မာ အုပ်စုတွေ။ ဒါတွေ မြင်နေ၊ ကြားနေရတော့ Sensitive ဖြစ်တဲ့ ပျားလေးတွေ ပျံပြေးချင်လာမယ်။ တိုင်းပြည်က မီးခိုးမွှန်လာပြီလေ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ လန့်နေမယ်။ ပျားလေးတွေ ပျံပြေးကုန်မယ်။ သတိမထား၊ မစာနာရင် ပျားကလေးတွေ ပျံပြေးလိမ့်မယ်။

Friday, August 7, 2020

Why Did The Chicken Cross The Road? ကြက် ဘာကြောင့် လမ်းဖြတ်သလဲ?

 နိုင်ငံရေးဟာသပါ။ - နိုင်ငံရေးသမားတွေဟာ အဖြစ်အပျက်တခုတည်းကို မြင်ပုံ၊ ဖြေရှင်းပုံ မတူကြောင်းပြတဲ့ ဟာသပါ။
Why Did The Chicken Cross The Road?
ကြက် ဘာကြောင့် လမ်းဖြတ်သလဲ?


DONALD TRUMP: ကြက်တကောင် လမ်းဖြတ်ကူးသွားတယ်လို့ အသိုင်းအဝိုင်းတွေက ပြောလာတယ်။ စိတ်ချရတဲ့ အသိုင်းအဝိုင်းတွေ။ တကယ်စိတ်ချရတဲ့သူတွေပါ။ သတင်းအမှားဖြန့်တဲ့သူတွေကတော့ လမ်းပေါ်မှာ အမိှုက်တွေ ရှုပ်ပွနေလို့ ဖြတ်တာလို့ ရေးကြမယ်။ လမ်းက ကောင်းပါတယ်။ တကယ် လှတဲ့ လမ်းပါ။ လမ်းဘယ်လောက်လှတယ်ဆိုတာ အားလုံးသိကြပါတယ်။

JOE BIDEN: ကြက်က ဘာကြောင့်ဖြတ်သလဲဆိုတော့ ..... အင်း - ကျန်တာတော့ ခင်ဗျားတို့ သိကြပါတယ်လေ။

SARAH PALIN: ကြက်က ဘာကြောင့် လမ်းဖြတ်လဲဆိုတော့ - သေစမ်း၊ အဲဒီကြက်က maverick မားဗရစ်ပဲ။ ဘယ်သူနဲ့မှ မရောတဲ့ကောင်။
BARACK OBAMA: ကျွန်တော် ရှင်းပြချင်တယ်။ ကြက်တွေက ကိုယ့်ဉကိုယ် သဘောကျရင် ကိုယ့်ဉကိုယ်သိမ်း၊ လမ်းဖြတ်ပြီး အညံ့ခံ ဉပေးဖို့ မလိုဘူး။ ဒါပဲ။

AOC: ကြက်တွေကို အတင်း မအုခိုင်းပါနဲ့။ ဒါက လုပ်ငန်းရှင်ကြီးတွေရဲ့ လောဘကြောင့် ဖြစ်တာ။ ဉတွေက သူတို့ဟာသူတို့ ဉနိုင်ပါတယ်။

HILLARY CLINTON: ဒီအချက် မှာ သဘောထားတွေ ကွဲနေလို့ ကြက်က လမ်းဖြတ်သွားရတာ။

GEORGE W. BUSH: ကြက် ဘာကြောင့် လမ်းဖြတ်လဲက လုံးဝ အရေးမကြီးဘူး။ သိချင်တာက အဲဒီကြက်က တို့ဖက်အခြမ်းမှာ ရှိသလား၊ မရှိဘူးလား။ တို့လူလား၊ တဖက်လူလား။ ကြားနေလို့တော့ မရဘူး။

DICK CHENEY: ဘယ်မလဲ - ငါ့သေနတ်?

BILL CLINTON: ငါက အဲဒီကြက်နဲ့အတူ လမ်းမဖြတ်ဘူးနော်။

AL GORE: အဲဒီကြက်က ငါ တီထွင်လိုက်တဲ့ကြက်။

JOHN KERRY: ကြက်တွေ လမ်းဖြတ်ခွင့်ရဖို့ ငါ မဲပေးခဲ့ပေမယ့် အခု ငါ သဘောမတူတော့ဘူး။ ဖြတ်မယ့်လမ်းက မှားနေတယ်။ ကြက်တွေရဲ့ အကြိုက်လိုက်လို့ မှားသွားတယ်။ အခုတော့ အဲဒါကို သဘောမကျတော့ဘူး။ ဆန့်ကျင်သွားရတော့မယ်။

AL SHARPTON: ဘာလို့ အကုန်လုံး ကြက်ဖြူတွေချည်း ဖြစ်နေရသလဲ?

DR. PHIL: ပြဿနာက လမ်းဟိုဖက်က ပြဿနာတွေ မရှင်းခင် လမ်းဒီဖက်က ပြဿနာတွေကို အရင်ရှင်းရမယ် ဆိုတာ အဲဒီကြက်က နားမလည်တာပဲ။ ​ြပဿနာတွေ ထပ်မဖြစ်ခင် အခုလက်ရှိပြဿနာကို မရှင်းတာဟာ အလွန်မိုက် မဲတယ် ဆိုတာ နားလည်ဖို့ ပြောပြရမယ်။

ANDERSON COOPER: ကြက်တကောင်ရှိတာတော့ ယုံကြည်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် လမ်းဟိုဖက်နဲ့ သတင်းဆက်သွယ်ခွင့် မပေးကြဘူး။

NANCY GRACE: အဲဒီကြက်က လမ်းဖြတ်တာဟာ သူ့မှာ အပြစ်ရှိလို့ပေါ့။ သူ့မျက်လုံးနဲ့ လမ်းလျှောက်ပုံကို ကြည့်ရင် မြင်သာပါတယ်။

PAT BUCHANAN: အဆင်ခြင်ဉာဏ်ရှိပြီး အလုပ်ကြိုးစားတဲ့ အမေရိကန်တွေရဲ့ အလုပ်ကို ခိုးယူဖို့ ဖြစ်မယ်။

DR SEUSS: ကြက်က လမ်းဖြတ်သွားသလား? ဖါးပြုတ်တကောင်ပါ ပါသတဲ့လား? ကြက်က လမ်းဖြတ်ပါတယ်၊ ဒါပေမယ့် ဘာကြောင့်ဖြတ်သလဲတော့ မပြောကြဘူး။

ERNEST HEMINGWAY: မိုးရွာထဲမှာ တကောင်တည်း သေချင်လို့။

GRANDPA: တို့ခေတ်တုန်းကတော့ ကြက်က ဘာကြောင့် လမ်းဖြတ်လဲလို့ မမေးကြဘူးကွ။ ကြက်က လမ်းဖြတ်သွားတယ်လို့ ပြောရင် လုံလောက်ပြီလေ။

ARISTOTLE: လမ်းဖြတ်တယ်ဆိုတာ ကြက်သဘာဝလေ။

ALBERT EINSTEIN: ကြက်က လမ်းကို တကယ်ဖြတ်သလား? ကြက်အောက်က လမ်းကပဲ ရွေ့သွားတာလား?

COLONEL SANDERS: ငါ့ကြက် များ ပျောက်သေးလား?

Sunday, October 20, 2019

အမေရိကန်ရွေးကောက်ပွဲ သမ္မတလောင်းများနဲ့ ယုံကြည်မှု Presidential Candidates in 2015

Republican

 ရီပတ်ဗလီကင် ၄၂ ရာနှုန်းက သူတို့ပါတီရဲ့ သမ္မတလောင်းဟာ Donald Trump ဖြစ်မယ်လို့ ထင်ကြတယ်။ ၄၃ % ကတော့ ရွေးကောက်ပွဲကြီးမှာ နိုင်ခြေ အရှိနိုင်ဆုံးသူ ဖြစ်တယ်လို့ သူ့ကို ယူဆကြတယ်။ ၁၅% က Ben Carson ။ ၁၂% က Jeb Bush လို့  ABC News ရဲ့ စစ်တမ်းက ဆိုတယ်။ Marco Rubio က နံပါတ် ၄ နေရာ ရပြီး ထောက်ခံသူ  ၅ % ရှိပါတယ်။ - The Washington Examiner
Conservative group တခုရဲ့ Christian Voting Guide က Biblical qualifications ကျမ်းစာပါ အရည်အချင်းတွေကို ကြည့်ပြီး မဲလမ်းညွှန်ရာမှာတော့ -
Arkansas ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း Mike Huckabee က "A" ရပြီး၊ Donald Trump က "F" ပဲရပါတယ်။
ဒီစစ်တမ်းကို USA Christian Church ရဲ့ Pastor Steven Andrew က ကောက်ယူတာဖြစ်ပြီး သမ္မတဖြစ်ဖို့ ကျမ်းစာပါ အရည်အချင်းနဲ့ညီသူ ၄ ယောက်ပဲ ရှိတယ်လို့ ဆိုတယ်။ သမ္မတရားကို မြတ်နိုးမှု truthfulness ၊ လောဘကင်းမှု၊ ဘုရားပေးအခွင့်အရေးတွေကို ကာကွယ်မှု၊ ဘုရားကို ကြောက်ရွံ့ ရိုသေမှု၊ ခရစ်ယာန် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မှုတွေနဲ့ တိုင်းတာခဲ့တယ်။ Ted Cruz, Ben Carson, နဲ့ Rand Paul တို့က B- grade ရကြပြီး၊ Huckabee က A ရပါတယ်။
Trump, Carly Fiorina, Marco Rubio, Jeb Bush, Chris Christie, Hillary Clinton, Joe Biden, and Bernie Sanders တို့က F grade ပဲ ရကြပါတယ်။

Mike Huckabee


Mike Huckabee
  “ငွေကုန်ခံနိုင်တာ မကြည့်နဲ့။ လူကြိုက်များတာ မကြည့်နဲ့။ ဘုရားစိတ်တော်နဲ့တွေ့ဖို့ လိုတယ်။ ဘုရားစိတ်တော်နဲ့ တွေ့တဲ့သူ ဦးဆောင်မှ တိုင်းပြည် ကောင်းကြီးခံရမယ်။ Mike Huckabee ကတော့ ဒါဝိဒ်မင်းနဲ့ အနီးစပ်ဆုံးသူ ဖြစ်တယ်” လို့ Pastor Andrew က ဆိုတယ်။ Mike Huckabee ဟာ နှစ်ခြင်း သင်းအုပ်ဆရာ ဖြစ်ခဲ့ဖူးတယ်။ 

Ted Cruz


Ted Cruz
Evangelicals တွေကြားမှာ လူသိများတဲ့ Ted Cruz ကတော့ "လူကို ပြောင်းလဲစေနိုင်တဲ့ ခရစ်တော်ရဲ့ မေတ္တာကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အိမ်မှာ အဖေမရှိဘဲ အမေတယောက်တည်းက
ကြည့်ရှုပြုစုရင်း ကြီးပြင်းလာရသူ ဖြစ်ခဲ့မှာပဲ။" လို့ ဆိုတယ်။ သူ ငယ်ငယ်မှာ အဖေက အရက်သမား။ မိသားစုကို ပစ်ပြီး၊ အိမ်က ထွက်သွားတယ်။ တခြားပြည်နယ်ရောက်တော့ ဧဝံဂေလိတရား ကြားရပြီး၊ ကယ်တင်ခြင်းရကာ အိမ်ပြန်လာခဲ့တယ်။ အခုတော့ သူ့အဖေဟာ သင်းအုပ်ဆရာ Pastor Raphael Cruz ဖြစ်နေပြီ။

Ben Carson


Ben Carson
  Ben Carson က Seventh-day Adventist တယောက်ဖြစ်ပြီး၊ အဓိက ခရစ်ယာန် အသင်းတော်များထဲမှာ ပါလေ့မရှိတဲ့ အသင်းတော်ပါ။ သုတ္တံကျမ်းကို ဖတ်ရင်း ဒေါသစိတ်ကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ Booker T. Washington အကြောင်းစာအုပ်နဲ့ ဓမ္မဟောင်းကျမ်းထဲက ယောသပ် အကြောင်းဟာ သူ့ကို ပုံသွင်းပေးတဲ့ အကြောင်းအရာတွေလို့ ဆိုတယ်။ “Our land right now is in need of God's healing hands.”  “တို့တိုင်းပြည်ဟာ အခုအချိန်မှာ ဘုရားလက်တော်နဲ့ ကုစားဖို့ လိုနေပြီ။” လို့ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Dr. Ben Carson ဆိုပါတယ်။

Jeb Bush

Jeb Bush
  Jeb Bush ရဲ့ ဖခင် George H.W. Bush က Episcopalian ။ မိခင် Barbara က Presbyterian ။ အကို George W. Bush က Billy Graham နဲ့ စကားပြောပြီးနောက်ပိုင်း အရင်လို အရက်မသောက်တော့ဘူးဆိုတဲ့ evangelical တယောက်ဖြစ်ပေမယ့် Jeb Bush ရဲ့ ဇနီးက Catholic ဖြစ်တော့၊ Jeb ကလည်း Catholic ပါ။

Donald Trump

Donald Trump
 Republican ထဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ Trump ဟာ ဘုရားကို ကိုးကွယ်တာ မဟုတ်ဘူး။ ငွေကို ကိုးကွယ်တာလို့ Andrew ဆိုတယ်။ Donald Trump ဟာ Presbyterian တယောက်ဖြစ်တယ်။ ဒါပေမယ့် သူက …. "ဘုရားသခင်ထံမှာ ခွင့်လွှတ်ခြင်းရဖို့ တခါမှ ဆုမတောင်းဖူးဘူး။ အမှားလုပ်မိရင် အမှန်ပြင်ဖို့ပဲ ကြိုးစားတယ်။ ဘုရားကျောင်းသွားရင်ပဲ စပျစ်ရည်သောက်တယ်။ တခြားမှာ မသောက်ဘူး။ မုန့်တဖဲ့ စားတယ်။ ဒါကခွင့်လွှတ်ခြင်း ခံရဖို့လေ။ ဒါတော့ ခဏခဏ လုပ်တယ်။" လို့ ဆိုတယ်။
Oct 15-18 အတွင်းထွက်လာတဲ့ Wall Street Journal/NBC News ရဲ့ စစ်တမ်းတွေအရ Trump ဟာ Republican တွေကြားမှာ လူကြိုက်အများဆုံးအဖြစ် ၂၅% ထောက်ခံမှုရကာ ရှေ့ဆုံးက ပြေးနေပြီး၊ Carson က ၂၂%၊ Huckabee က နောက်ဆုံးနားမှာ ၃% ပဲ ထောက်ခံမှုရပါတယ်။
Trump အနေနဲ့ Republican သမတလောင်းအဖြစ်အရွေးခံရရင် ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Ben Carson ကို ဒုသမ္မတလောင်းအဖြစ် လက်တွဲမလားလို့ မေးရာမှာတော့
မစဉ်းစားရသေးဘူး လို့ ဆိုတယ်။
"လူတွေထင်သလို ကျွန်တော်တို့ နှစ်ယောက်က ပုံစံမကွာလှပါဘူး။ ရင်းရင်းနှီးနှီးပါပဲ။ ပုံစံချင်းတော့ မတူဘူးပေါ့။ ကျွန်တော် တော်တာရှိသလို၊ သူတော်တာတွေလည်း ရှိတယ်။" "သူ့ကို သဘောကျတယ်။ ကျွန်တော်ကိုလည်း သူသဘောကျပါတယ်။"

Democratic

Bernie Sanders


Bernie Sanders
 Vermont ပြည်နယ် senator နဲ့ Democratic သမ္မတလောင်း အသက် ရ၄ နှစ်အရွယ် Bernie Sanders ကတော့ ဂျူးလူမျိုး ဖြစ်တယ်။ ဒီမိုကရက်တစ် ဆိုရှယ်လစ် တယောက် ဖြစ်တယ်။ ဘာသာရေးနဲ့ ဝေးဝေးနေလေ့ ရှိတယ်။
Deeply conservative Christian school ဖြစ်တဲ့ (ကွန်ဆာဗေးတစ် အားကြီးတဲ့ ခရစ်ယာန် ကျောင်းတကျောင်းဖြစ်တဲ့) Liberty University မှာ လာ မဲဆွယ်ရာမှာတော့ ကိုယ်ကျင့်တရား ရှိတာ၊ ရိုးသားတာ၊ သူတပါးအပေါ် ကောင်းဖို့ သင်ယူနေကြတာ ကောင်းတယ် လို့ ဆိုတယ်။ "ကိုယ်ဝန်ဖျက်တာနဲ့ ယောကျင်္ားချင်း လက်ထပ်တာတွေကတော့ ခင်ဗျားတို့ သိပ်အလေးအနက်ထားမှန်း သိပါတယ်။ ဒီနေရာမှာတော့ သဘောထားကွဲပါတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် တခြား အကြောင်းအရာတွေ ရှိသေးတယ်။ သဘောထားတွေ ကွဲလွဲပေမယ့် အတူလက်တွဲ ဖြေရှင်းကြရပါမယ်။"

Hillary Clinton

Hillary Clinton
 နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ ပထမဆုံးအမျိုးသမီး အမေရိကန် သမ္မတဖြစ်ဖို့ ကြိုးစားနေသူ ဒီမိုကရက်ပါ။ သူက Methodist ပါ။ Liberal Democrat ဖြစ်ပေမယ့် ဘာသာရေးအကြောင်း လူသိရှင်ကြား ပြောတတ်တယ်။ သူ့ပါတီထဲက ဘာသာရေးအပေါ် တင်းမာသူတွေကို သဘောထားအမြင် ပြောင်းစေချင်သူ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ဝန်ဖျက်တာ၊ လိင်တူလက်ထပ်တာတွေကို တရားဝင်လက်ခံဖို့ ဘာသာရေးအမြင်တွေကို ပြောင်းလဲစေချင်သူလည်း ဖြစ်နေပြန်ပါတယ်။
သူ့ကို Most godless member of the Senate ဆီးနိတ်မှာ ဘုရားမဲ့အဖြစ်ဆုံး အမျိုးသမီးလို့ ဝေဖန်သူတယောက်က ဆိုတယ်။ Jerry Falwell က Hillary Clinton ဟာ "လူစီဖါက ဒီမိုကရက် သမ္မတလောင်းအဖြစ် အရွေးခံရင်တောင် သူ့လောက် conservative evangelicals  တွေနဲ့ အခြေခံထားတဲ့ Republican တွေရဲ့ ထောက်ခံမှုကို ရမှာ မဟုတ်ဘူး။" လို့ ဆိုဖူးပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချသူလို့ ဆိုချင်တာပါ။       ။

Why I'm Voting for Donald Trump

အမေရိကန် သမတ ရွေးကောက်ပွဲ နီးလာတာနဲ့ အကြိ်ုက်တွေ အမျိုးမျိုး ရေးလာကြတယ်။ အကြိုက်မတူတာ သဘာဝဆိုပေမယ့် တချို့ရေးတာတွေက သိပ်စိတ်ပျက်စရာ ကောင်းပါတယ်။
ဟိုးအရင် ရွေးကောက်ပွဲတုန်းက ရေဒီယိုသတင်းဌာနတခုက မေးတော့ အမေရိကားရောက် ကရင်တယောက်က ဖြေတယ်။ “ကျွန်တော်က အိုဘားမားကို မဲပေးမယ်။ သူ့နာမည်မှာ ဘားမားပါလို့” တဲ့။ သမတရွေးမှာလား၊ မွေးဖွါးရာ နိုင်ငံမေးတာလား သိပုံမရသလို ဖြစ်နေတယ်။ တချို့ကလည်း Black မိုလို့တဲ့။ မဲရင်ပြီးရောဆိုရင် မီးသွေးခဲကို သမတခန့်လို့ ရမလား?
တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမတဖြစ်စေချင်တဲ့ စိတ်နဲ့ရောပြီး မိန်းမသမတ တက်စေချင်တယ်၊ ဟယ်လာရီကို သမတ ဖြစ်စေချင်သတဲ့။ မိန်းမယူတဲ့ကိစ္စမှာသာ ကိုယ်ယူမယ့်သူက မိန်းမဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးလို့ ထင်တာပဲ။ သမတကတော့ ယောကျင်္ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် Black ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ စေတနာမှန်မယ်၊ အရည်အချင်း ရှိမယ် ဆိုရင် အဆင်ပြေတာပါပဲ။
ကဲ ..... အခုတော့ Dr. R. B. Ouellette ရဲ့ Why I'm Voting for Donald Trump ကို ဖတ်ကြည့်ပါဦး။
“တယောက်ကို သမတအဖြစ် မဲထည့်ဖို့ နိုင်ငံရေးတွေ မရေးဖူးပေမယ့် ဒီတခါတော့ ရေးရပါတော့မယ်။ ရီပတ်ပလီကင်ထဲမှာ စပြီး ကြိုက်မိတာကတော့ Scott Walker ပါ။ သူထွက်သွားတော့ Marco Rubio ကြိုက်တယ်။ သူထွက်သွားတော့ Ted Cruz ကြိုက်တယ်။ Donald Trump ကတော့ ၁၇ ယောက်ထဲမှာ နံပါတ် ၁၇ ပဲ။ တခြားသူတွေကို သူ့ထက် ပိုကြိုက်တယ်။
သူက စံပြတော့ မဟုတ်ဘူး။ သူက လူမှုရေးရော ဘာသာရေးမှာပါ ည့ံတဲ့အတွက် သူကို မဲပေးဖို့ ခက်နေသူတွေလည်း ရှိတယ်။ ကျွန်တော့ သဘောကတော့ သမတဆိုတာ စံပြဖြစ်မှ မဟုတ်ပါဘူး။ အသင့်တော်ဆုံးဆိုရင် ရပါပြီ။ William F. Buckley က ချပြဖူးပါတယ်။ နိုင်ခြေရှိတဲ့ ကွန်ဆားဗေးတစ် အဖြစ်ဆုံးလူကို မဲပေးရမယ်တဲ့။
Donald Trump က ကိုယ်ကျင့်တရားမရှိဘူး။ အတ္တကြီးတယ်။ အခွင့်ရေးသမား။ မတည်ကြည်ဘူး။ ဒါပေမယ့် ဒါတွေအားလုံးမှာ ဟယ်လာရီ ကလင်တန်လောက်တော့ရှိတယ်။ ကျွန်တောသဘောကတော့ Donald Trump က ညံ့တယ်ဆိုရင် Hillary Clinton က ဆိုးတာ။
1. ဒုသမတလောင်းကို သူက လူကောင်း ရွေးထားတယ်။ Pence က ခရစ်ယာန်၊ တကယ့် ကွန်ဆားဗေးတစ်၊ လူကောင်းတယောက်။ သူ့စကား Trump က ဘယ်လောက် နားထောင်မလဲ မသိပေမယ့် အနားမှာ အကြံပေးနိုင်သူတွေ ရှိနေပြီ။
2. လူ့အသက်ကို တန်ဖိုးထားဖို့ Pro-life အကြောင်းကို Mr. Trump က ပါးစပ်နဲ့တော့ ပြောဖေါ်ရသေးတယ်။ Mrs. Clinton ကတော့ ဆန့်ကျင်ဖက်မှာ တကယ့် Pro-choice သမား။ ကိုယ်ဝန်ဖျက်တာနဲ့ ပါတ်သက်လို့ ပြောရာမှာ ဘာသာရေးအတွေးအခေါ်တွေ ပြောင်းဖို့ လိုသတဲ့။
3. Mr. Trump က စီးပွါးရေးတော့ နားလည်သေးတယ်။ Mrs. Clinton ကတော့ စီးပွါးရေးကို အားမပေးဘဲ စီးပွါးရေးသမားတွေထံက ပိုက်ဆံ ဘယ်လိုယူရမလဲ ဆိုတာပဲ သိတဲ့သူ။ Mr. Trump ကြောင့် စီးပွါးရေး တက်လာနိုင်တယ်။ Mrs. Clinton နဲ့ဆို စီးပွါးရေး မတက်လောက်ဘူး။
4. တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေရဲ့ ရန်ကို Mr. Trump က ပြတ်ပြတ်သားသား ရပ်တည်ပြလိမ့်မယ်။ Mrs. Clinton ဟာ နိုင်ငံခြားရေးဝန်ကြီးဘဝမှာ မလုပ်နိုင်ခဲ့ဘူး။
5. Mrs. Clinton ထက် Mr. Trump က တရားလွှတ်တော်ချုပ်ကို ပိုကောင်းအောင် လုပ်နိုင်မယ်။ Mrs. Clinton အာဏာရင် liberal တရားသူကြီးတွေ ခန့်ပြီး လွတ်လပ်မှုကို ပွန်းပဲ့စေလိမ့်မယ်။
အဖြစ်အပျက်တခု ကြားဖူးပါတယ်။ လူဆိုးတယောက်မှာ ညီဖြစ်သူ သေသတဲ့။ ပြစ်မှုအတူ ကျူးလွန်ခဲ့ကြတယ်။ အကိုက သူ့ညီရဲ့ အသုဘမှာ တရားဟောဆရာတယောက် လာပြီး သူ့ညီဟာ သန့်ရှင်းသူ Saint သူတော်စင်လို့ ပြောစေချင်ပါသတဲ့။ ပြောရင် ပြောတဲ့ဆရာကို ဒေါ်လာ တသောင်း ပေးချင်လောက်အောင် စိတ်က ပြင်းပြနေတာပါ။
Catholic priest က No တဲ့။ Presbyterian ဆရာကလည်း No တဲ့။ Baprist ဆရာကတော့ ရှင်းအာင် ပြန်ပြောပြပါဦး။ ခင်ဗျားညီကို သူတော်စင်လို့ ပြောရုံပဲလား? ဒါနဲ့ ခင်ဗျားက ဒေါ်လာ တသောင်း ပေးမှာလား?
"ဟုတ်တယ်။ ပြောရုံလေးပါပဲ။"
Baptist ဆရာက "ကျုပ်ပြောမယ်ဗျာ" တဲ့။ အသုဘမှာ သူပြောတာကတော့ .........
"ဒီလူဟာ ကောက်ကျစ်တဲ့လူဆိုတာ လူတိုင်း သိပါတယ်။ ခိုးတယ်။ လိမ်တယ်။ လူတွေကို လှည့်စားတယ်။ မြို့ထဲမှာ အဆိုးဆုံးထဲက တယောက်ပေါ့။ ဒါပေမယ့် သူ့အကိုနဲ့ ယှဉ်ရင်တော့ သူက သူတော်စင်ပေါ့။"