![]() |
| အော့ရှ်ဝဇ် အကျဉ်းထောင်ရှေ့က အနှစ် ရ၀ ပြည့်ပွဲ |
Auschwits 70th anniversary
Auschwitz အော့ရှ်ဝဇ် အကျဉ်းထောင်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့ လူ ၃၀၀ လောက်ဟာ ပိုလန်နိုင်ငံရှိ သေမင်းတမန် အကျဉ်းထောင်ရှေ့မှာ စုဝေးဖို့ စုရုံးရောက်ရှိလာကြတယ်။ ၁၉၄၀ နဲ့ ၁၉၄၅ ခုနှစ်အတွင်းမှာ ဒီအကျဉ်းထောင်ထဲမှာ လူပေါင်း ၁.၁ သန်းကျော် အသတ်ခံရတယ်။ အများစုက ဂျူးလူမျိုးတွေဖြစ်တယ်။ ဒီပွဲမှာ တက်ရောက်သူတွေဟာ တချိန်က အော့ရှ်ဝဇ် အကျဉ်းထောင်ထဲမှာ ကလေးဘဝ အကျဉ်းချခံနေရတုန်း ဆိုဗီယက်တပ်တွေ လာလွှတ်ပေးတုန်းက လွှတ်မြောက်လာခဲ့သူတွေ ဖြစ်ပါတယ်။ အခု သူတို့ အသက်ကြီးရင့်နေကြပြီဆိုတော့ ဒီပွဲဟာ လူအစုံဆုံးပွဲဖြစ်မယ် လို့ ဆိုရမှာပါ။
အော့ရှ်ဝဇ် အကျဉ်းထောင်ဟာ မီးရထားအဆောက်အဦးကြီးတွေရဲ့ အဆုံးမှာ ယာယီဆောက်ခဲ့တဲ့ အဖြူရောင် အဆောက်အဦကြီးဖြစ်ပြီး၊ ဥရောပတခွင်က ဂျူးလူမျိုးတွေကို ဖမ်းဆီးပို့ဆောင်ခဲ့တယ်။ ကျွန်အဖြစ် ခိုင်းစေခံရပြီး၊ နောက်ဆုံး အဆိပ်ငွေ့ခန်းမထဲမှာ ထည့်သွင်း အသတ်ခံကြရတယ်။
အခုပွဲမှာ ထောင်နံရံတွေရဲ့ ပတ်လည်မှာ ဖယောင်းတိုင်မီးတွေ ထွန်းကြတယ်။ ရေခဲပြီး နှင်းကျနေတဲ့ ကွင်းပြင်ကြီးထဲမှာ ဖယောင်းတိုင်းလေးတွေ ထွန်းရင်း အမှောင်လွှမ်းခဲ့တဲ့ အချိန်ကာလတွေကို ဥရောပက မှတ်မိနေကြောင်း ပြသကြတယ်။
ပိုလန်သမတ Bronislaw Komorowski ကတော့ “ဂျာမန်တွေဟာ ပိုလန်ကို ဂျူးသချိုင်း ဖြစ်အောင် လုပ်ခဲ့တယ်” လို့ ဒီအခန်းအနားမှာ ပြောသွားပါတယ်။
၁၉၂၉ ခုနှစ်မှာ မွေးဖွါးတဲ့ Halina Birenbaum ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ့ရဲ့ အဓိက တာဝန်ကြီးကတော့ “အကျဉ်းစခန်းထဲက လူတွေဟာ သိပ်အသက်ရှင်ချင်ခဲ့ကြတယ်” ဆိုတာ နောင်လာနောက်သားတွေကို ပြောပြဖို့ပါပဲလို့ ဆိုတယ်။ “အမေမြင်ချင်တဲ့ ရက်ရက်စက်စက် ဖိနှိပ်သူတွေရဲ့ နိဂုံးကို မြင်တွေ့ရဖို့ ကျွန်မ အသက်ရှင်ခဲ့ရတာပါ။” လို့ဆိုတယ်။
အော့ရှ်ဝဇ် အကျဉ်းထောင်ဟာ ၁၉၄၅ ဇန်နဝါရီ ၂၇ မှာ လွတ်မြောင်ခွင့်ရပြီး၊ ၁၉၄၇ မှာ ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့တယ်။
အခုလို အခန်းအနားတွေကို ဥရောပရဲ့ တခြားနေရာတွေမှာ ကျင်းပသလို၊ အစ္စရေးနိုင်ငံရဲ့ စစ်အနိဌာရုံပြတိုက် Yad Vashem မှာလည်း ကျင်းပခဲ့တယ်။
ရက်စက်သူ၊ ယုတ်မာသူတွေရဲ့ လူမဆန် ရက်စက်မှုတွေကို ခံစားခဲ့ရသူတွေဟာ မေ့သွားမှာ မဟုတ်ဘူး။ သူတို့ မှတ်မိနေဆဲပါ။
| ||
| အကျဉ်းထောင်ပတ်လည်က ဖယောင်းတိုင်းထွန်းပွဲ |
![]() | |||||||||||||||||
| အော့ရှ်ဝဇ် ထောင်ကို လွှတ်ပေးစဉ်က တွေ့ရတဲ့ ကလေးများ |
![]() |
| အော့ရှ်ဝဇ်ထောင်မှ လွတ်မြောက်သူများထဲမှ ယနေ့ အသက်အကြီးဆုံးသူ ၉၆ နှစ်အရွယ် Yuda Widawski |
![]() |
| အော့ရှ်ဝဇ်အကျဉ်းစခန်း |
![]() |
| အော့ရှ်ဝဇ်ထောင့်ရှေ့ အမှတ်တရပွဲ ဆုတောင်းသူများ |
![]() |
| ဆိုဗီယက်တပ်က လွှတ်ပေးချိန်မှာ တွေ့ရတဲ့ကလေးတွေရဲ့ ဓါတ်ပုံမှာ ကိုယ့်ပုံကို ထောက်ပြနေသူများ |
![]() |
| အကျဉ်းစခန်းမှာ ထိုးခံရတဲ့ ဆေးမင်ကြောင်ကို ပြနေတဲ့ အမေရိကန်ရောက် Jack Rosenthal |
![]() |
| အကျဉ်းသားဟောင်းတွေရဲ့ ဖိနပ်တွေကို စုပုံပြထားတဲ့ အော့ရှ်ဝဇ်ထောင်ပြတိုက် |
ရက်စက်ယုတ်မာသူတွေအတွက် သတင်းစကားကတော့ မှတ်မိနေတယ် ဆိုတဲ့ စကားပါပဲ။









No comments:
Post a Comment