Sunday, October 20, 2019

အရူး A mad man


လူတယောက်......
 သူ့အိမ်ဘေးက တခြားသူတွေကို ကြည့်နေတယ်။
အလုပ်မလုပ်ဘူး။ စိတ်မငြိမ်ဘူး။
ပြောချင်ရာတွေ လျှောက်ပြောနေတယ်။
အိမ်နီးချင်းတွေက သူ့ကို ဂရုမစိုက်အားဘူး။
သူတို့အလုပ် သူတို့လုပ်နေကြတယ်။
အရူး
တနေ့တော့ ......
အဲဒီလူက ဘေးကအိမ်တအိမ်ကို မီးတုတ်နဲ့ ပစ်လိုက်တော့တယ်။
မီးက အိမ်ထဲကျသွားတော့
အိမ်ရှင်ရော၊ တခြားအိမ်နီးချင်းတွေပါ
အထိတ်တလန့် ပြေးကြလွှားကြ ... မီးငြိမ်းကြပေါ့။
အဲဒီလူတွေ ထိတ်လန့်သွားတာ ဗျာများကြတာ၊ စိတ်မကောင်းဖြစ်တာကို
မြင်ရတော့ အခုနက  မီးတုတ်ပစ်တဲ့လူက .....
တယောက်တည်း အော်ဟစ် သဘောကျနေသေးတယ်။
"ဟား..ဟား..ဟား.... ကောင်းတယ်၊ ကောင်းတယ်။
အဲဒီလို ထိမှကောင်းတယ်။ မှတ်ပီလား။
"နောက်ထပ် မီးတုတ်တွေ အများကြီး ပစ်လို့ရသေးတယ်နော်...
"ဒါပေမယ့် ငါက ပစ်ချင်လို့ ပစ်တာမဟုတ်ဘူး။
သူ့ဟာသူ ကျသွားတာ။
"ဒီကိစ္စကို မကြေနပ်ကြဘူးလား .....
မကြေနပ်ရင် .....
အေးအေးဆေးဆေး ဆွေနွေးကြတာပေါ့ကွာ။" ... တဲ့

အိမ်နီးချင်းတွေကတော့ သူ့ကို ဘာမှပြန်မပြောကြဘူး။
အားလုံးထဲက တယောက်ကတော့ လွှတ်ကနဲ ရေရွတ်လိုက်တယ် .....
"တို့တော့ ဒီအရူးနဲ့ ခက်နေပြီ။" .... တဲ့။

"As a mad man who casteth firebrands, arrows, and death, So is the man that deceiveth his neighbour, and saith, Am not I in sport?" - Pro 26:18- 19


"ငါ ကျီစားရုံမျှသာ ပြုသည်ဟုဆိုလျှက် မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးတို့ကို ပစ်တတ်သော အရူးနှင့်တူ၏။" - သုတ္တံ ၂၆း ၁၈- ၁၉

No comments:

Post a Comment