Republican
ရီပတ်ဗလီကင် ၄၂ ရာနှုန်းက သူတို့ပါတီရဲ့ သမ္မတလောင်းဟာ Donald Trump ဖြစ်မယ်လို့ ထင်ကြတယ်။ ၄၃ % ကတော့ ရွေးကောက်ပွဲကြီးမှာ နိုင်ခြေ အရှိနိုင်ဆုံးသူ ဖြစ်တယ်လို့ သူ့ကို ယူဆကြတယ်။ ၁၅% က Ben Carson ။ ၁၂% က Jeb Bush လို့ ABC News ရဲ့ စစ်တမ်းက ဆိုတယ်။ Marco Rubio က နံပါတ် ၄ နေရာ ရပြီး ထောက်ခံသူ ၅ % ရှိပါတယ်။ - The Washington ExaminerConservative group တခုရဲ့ Christian Voting Guide က Biblical qualifications ကျမ်းစာပါ အရည်အချင်းတွေကို ကြည့်ပြီး မဲလမ်းညွှန်ရာမှာတော့ -
Arkansas ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း Mike Huckabee က "A" ရပြီး၊ Donald Trump က "F" ပဲရပါတယ်။
ဒီစစ်တမ်းကို USA Christian Church ရဲ့ Pastor Steven Andrew က ကောက်ယူတာဖြစ်ပြီး သမ္မတဖြစ်ဖို့ ကျမ်းစာပါ အရည်အချင်းနဲ့ညီသူ ၄ ယောက်ပဲ ရှိတယ်လို့ ဆိုတယ်။ သမ္မတရားကို မြတ်နိုးမှု truthfulness ၊ လောဘကင်းမှု၊ ဘုရားပေးအခွင့်အရေးတွေကို ကာကွယ်မှု၊ ဘုရားကို ကြောက်ရွံ့ ရိုသေမှု၊ ခရစ်ယာန် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မှုတွေနဲ့ တိုင်းတာခဲ့တယ်။ Ted Cruz, Ben Carson, နဲ့ Rand Paul တို့က B- grade ရကြပြီး၊ Huckabee က A ရပါတယ်။
Trump, Carly Fiorina, Marco Rubio, Jeb Bush, Chris Christie, Hillary Clinton, Joe Biden, and Bernie Sanders တို့က F grade ပဲ ရကြပါတယ်။
Mike Huckabee
“ငွေကုန်ခံနိုင်တာ မကြည့်နဲ့။ လူကြိုက်များတာ မကြည့်နဲ့။ ဘုရားစိတ်တော်နဲ့တွေ့ဖို့ လိုတယ်။ ဘုရားစိတ်တော်နဲ့ တွေ့တဲ့သူ ဦးဆောင်မှ တိုင်းပြည် ကောင်းကြီးခံရမယ်။ Mike Huckabee ကတော့ ဒါဝိဒ်မင်းနဲ့ အနီးစပ်ဆုံးသူ ဖြစ်တယ်” လို့ Pastor Andrew က ဆိုတယ်။ Mike Huckabee ဟာ နှစ်ခြင်း သင်းအုပ်ဆရာ ဖြစ်ခဲ့ဖူးတယ်။
Ted Cruz
Evangelicals တွေကြားမှာ လူသိများတဲ့ Ted Cruz ကတော့ "လူကို ပြောင်းလဲစေနိုင်တဲ့ ခရစ်တော်ရဲ့ မေတ္တာကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အိမ်မှာ အဖေမရှိဘဲ အမေတယောက်တည်းကကြည့်ရှုပြုစုရင်း ကြီးပြင်းလာရသူ ဖြစ်ခဲ့မှာပဲ။" လို့ ဆိုတယ်။ သူ ငယ်ငယ်မှာ အဖေက အရက်သမား။ မိသားစုကို ပစ်ပြီး၊ အိမ်က ထွက်သွားတယ်။ တခြားပြည်နယ်ရောက်တော့ ဧဝံဂေလိတရား ကြားရပြီး၊ ကယ်တင်ခြင်းရကာ အိမ်ပြန်လာခဲ့တယ်။ အခုတော့ သူ့အဖေဟာ သင်းအုပ်ဆရာ Pastor Raphael Cruz ဖြစ်နေပြီ။
Ben Carson
Ben Carson က Seventh-day Adventist တယောက်ဖြစ်ပြီး၊ အဓိက ခရစ်ယာန် အသင်းတော်များထဲမှာ ပါလေ့မရှိတဲ့ အသင်းတော်ပါ။ သုတ္တံကျမ်းကို ဖတ်ရင်း ဒေါသစိတ်ကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ Booker T. Washington အကြောင်းစာအုပ်နဲ့ ဓမ္မဟောင်းကျမ်းထဲက ယောသပ် အကြောင်းဟာ သူ့ကို ပုံသွင်းပေးတဲ့ အကြောင်းအရာတွေလို့ ဆိုတယ်။ “Our land right now is in need of God's healing hands.” “တို့တိုင်းပြည်ဟာ အခုအချိန်မှာ ဘုရားလက်တော်နဲ့ ကုစားဖို့ လိုနေပြီ။” လို့ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Dr. Ben Carson ဆိုပါတယ်။
Jeb Bush
Jeb Bush ရဲ့ ဖခင် George H.W. Bush က Episcopalian ။ မိခင် Barbara က
Presbyterian ။ အကို George W. Bush က Billy Graham နဲ့
စကားပြောပြီးနောက်ပိုင်း အရင်လို အရက်မသောက်တော့ဘူးဆိုတဲ့ evangelical
တယောက်ဖြစ်ပေမယ့် Jeb Bush ရဲ့ ဇနီးက Catholic ဖြစ်တော့၊ Jeb ကလည်း
Catholic ပါ။
Donald Trump
![]() |
| Donald Trump |
Oct 15-18 အတွင်းထွက်လာတဲ့ Wall Street Journal/NBC News ရဲ့ စစ်တမ်းတွေအရ Trump ဟာ Republican တွေကြားမှာ လူကြိုက်အများဆုံးအဖြစ် ၂၅% ထောက်ခံမှုရကာ ရှေ့ဆုံးက ပြေးနေပြီး၊ Carson က ၂၂%၊ Huckabee က နောက်ဆုံးနားမှာ ၃% ပဲ ထောက်ခံမှုရပါတယ်။
Trump အနေနဲ့ Republican သမတလောင်းအဖြစ်အရွေးခံရရင် ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Ben Carson ကို ဒုသမ္မတလောင်းအဖြစ် လက်တွဲမလားလို့ မေးရာမှာတော့
မစဉ်းစားရသေးဘူး လို့ ဆိုတယ်။
"လူတွေထင်သလို ကျွန်တော်တို့ နှစ်ယောက်က ပုံစံမကွာလှပါဘူး။ ရင်းရင်းနှီးနှီးပါပဲ။ ပုံစံချင်းတော့ မတူဘူးပေါ့။ ကျွန်တော် တော်တာရှိသလို၊ သူတော်တာတွေလည်း ရှိတယ်။" "သူ့ကို သဘောကျတယ်။ ကျွန်တော်ကိုလည်း သူသဘောကျပါတယ်။"
Democratic
Bernie Sanders
Vermont ပြည်နယ် senator နဲ့ Democratic သမ္မတလောင်း အသက် ရ၄ နှစ်အရွယ် Bernie Sanders ကတော့ ဂျူးလူမျိုး ဖြစ်တယ်။ ဒီမိုကရက်တစ် ဆိုရှယ်လစ် တယောက် ဖြစ်တယ်။ ဘာသာရေးနဲ့ ဝေးဝေးနေလေ့ ရှိတယ်။Deeply conservative Christian school ဖြစ်တဲ့ (ကွန်ဆာဗေးတစ် အားကြီးတဲ့ ခရစ်ယာန် ကျောင်းတကျောင်းဖြစ်တဲ့) Liberty University မှာ လာ မဲဆွယ်ရာမှာတော့ ကိုယ်ကျင့်တရား ရှိတာ၊ ရိုးသားတာ၊ သူတပါးအပေါ် ကောင်းဖို့ သင်ယူနေကြတာ ကောင်းတယ် လို့ ဆိုတယ်။ "ကိုယ်ဝန်ဖျက်တာနဲ့ ယောကျင်္ားချင်း လက်ထပ်တာတွေကတော့ ခင်ဗျားတို့ သိပ်အလေးအနက်ထားမှန်း သိပါတယ်။ ဒီနေရာမှာတော့ သဘောထားကွဲပါတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် တခြား အကြောင်းအရာတွေ ရှိသေးတယ်။ သဘောထားတွေ ကွဲလွဲပေမယ့် အတူလက်တွဲ ဖြေရှင်းကြရပါမယ်။"
Hillary Clinton
![]() |
| Hillary Clinton |
သူ့ကို Most godless member of the Senate ဆီးနိတ်မှာ ဘုရားမဲ့အဖြစ်ဆုံး အမျိုးသမီးလို့ ဝေဖန်သူတယောက်က ဆိုတယ်။ Jerry Falwell က Hillary Clinton ဟာ "လူစီဖါက ဒီမိုကရက် သမ္မတလောင်းအဖြစ် အရွေးခံရင်တောင် သူ့လောက် conservative evangelicals တွေနဲ့ အခြေခံထားတဲ့ Republican တွေရဲ့ ထောက်ခံမှုကို ရမှာ မဟုတ်ဘူး။" လို့ ဆိုဖူးပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချသူလို့ ဆိုချင်တာပါ။ ။
























