Sunday, October 20, 2019

Cancer and Acid ကင်ဆာနဲ့ အက်စစ်

                ကင်ဆာရောဂါရဲ့ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ နိုဘယ်လ်ဆုရှင် Dr. Otto H Warburg က ကင်ဆာဟာ အဓိကအားဖြင့် အောက်စီဂျင် ပြတ်လတ်လို့ ဖြစ်ရတာလို့ ဆိုတယ်။ အောက်စီဂျင်ပြတ်တော့ ကိုယ်ခန္ဓာမှာ အက်စစ်များလာတယ်။ Dr. Warburg က ကင်ဆာဆဲလ်တွေဟာ anaerobic (အောက်စီဂျင်ကို မစုပ်ယူဘူး) လို့လည်း တွေ့ရှိခဲ့တယ်။ အောက်စီဂျင်များရင် မရှင်သန်နိုင်ဘူး။ 
               သာမန်ဆဲလ်အားလုံးဟာ အောက်စီဂျင် လိုကြတယ်။ ကင်ဆာဆဲလ်တွေကတော့ အောက်စီဂျင် မလိုဘဲ ရှင်သန်နိုင်တယ်။ ဆဲလ်ထဲမှာ အောက်စီဂျင် ၃၅%၊ ၄၈ နာရီကြာအောင် ပြတ်လပ်လာရင် ကင်ဆာ ဖြစ်လာနိုင်တယ်။

ကိုယ်ခန္ဓာရဲ့ pH levels ကို ထိန်းဖို့ရာ အစားအစာက အဓိကကျပါတယ်။

               PH balance, PH မျှခြေဆိုတာ ကိုယ်ခန္ဓာတလျှောက်လုံးမှာရှိတဲ့ ဆဲလ်နဲ့ အရည်မှန်သမျှမှာ အက်စစ်နဲ့ အယ်လ်ကာလိုင်း အချိုးမျှတာကို ခေါ်တယ်။ သွေးရဲ့ pH levels ဟာ အယ်လ်ကာလိုင်း level 7.365 ရှိမှ အသက်ရှင်နိုင်ပါတယ်။ အစားအသောက်ထဲမှာ ဓါတုပစ္စည်းနဲ့ သကြား၊ အရောင်ချွတ်ထားတဲ့ အစေ့အနှံ၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အသားငါးတွေကြောင့် အက်စစ်များနေနိုင်ပါတယ်။ ဒါက အက်စစ်မျှခြေ ပျက်စေပါတယ်။ မျှခြေပျက်ရင် ဆဲလ်တွေ အလုပ်လုပ်ပုံကို ထိခိုက်စေတယ်။ အက်စစ်များတာ ကြာလာရင် ကင်ဆာ၊ နှလုံးသွေးကြော၊ ဆီးချို သွေးချို၊ အရိုးပွနဲ့ ရင်ထဲပူလောင်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အက်စစ်များတာ ကြာရင် အိုမင်းရင့်ရော် လာမယ်။ Robert O. Young က သူ့ရဲ့စာအုပ် The pH Miracle မှာ ကျမ်းမာရေးပြသနာ အများစုဟာ အက်စစ်များလို့ ဖြစ်ရတယ်လို့ ဆိုတယ်။ ကပ်ပါးတွေ၊ မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက အက်စစ်များရင် မြန်မြန်ကြီးထွားကြလို့ ဖြစ်တယ်။ ဒါပေမယ့် အယ်လ်ကာလိုင်းကတော့ ဘက်တီးရီးယားနဲ့ တခြားအရာတွေကို ထိန်းထားနိုင်တယ်။
                ဒါကြောင့် pH balance - pH မျှခြေကို ထိန်းခြင်းဟာ ကျန်းမာရေးအတွက် အရေးပါပါတယ်။
(LIVING TRADITIONALLY မှ)

No comments:

Post a Comment