
Foods that Lower High Blood Pressure

Unclog Your Blood Vessels and Lower Your Blood Pressure with This Very Simple Solution
by Natasha Edwards
ကိုလက်စ်ထရောနဲ့ သွေးတိုးကို ချတဲ့ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေက ကိုလက်စ်ထရောထုတ်လုပ်ဖို့ လိုအပ်တဲ့အရာတွေကို ကိုယ်ခန္ဓာက ထုတ်မပေးဖို့ ဖေါ်စပ်ထားတာပါ။ သွေးထဲမှာရှိတဲ့ ကိုလက်စ်ထရောကို တစ်ရှုးတွေက ပြန်စုပ်ယူဖို့လည်း ဒီဆေးတွေက ကူညီပါတယ်။ ဒါမှ သွေးကြောတွေ မထုံးစေမှာဖြစ်ပါတယ်။
ကိုလက်စ်ထရော ချတဲ့ဆေးတွေက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း တွဲပါလာပါတယ်။ အဲဒီဆေးတွေကြောင့် အရမ်းဝလာတတ်ပါတယ်။ ကြွက်သားတွေ နာကျင်တာလည်း ခံစားရတတ်ပါတယ်။ အရေပြားမှာ အနီကွက်တွေပေါ်တာ၊ ဖူးယောင်တာတွေ ဖြစ်တတ်ပါတယ်။ အစာမချေနိုင်တဲ့ ပြသနာကတော့ အဖြစ်အများဆုံးပါပဲ။ ဒီဆေးတွေကို အသောက်များရင် သွေးထဲမှာ သကြားဓါတ်များလာမယ်။ ဆီးချိုဖြစ်လာနိုင်တယ်။ တခြားဘေးထွက်ဆိုးကျိုးတွေကတော့ အာရုံကြောပြသနာ၊ အသည်းနဲ့ ကျောက်ကပ် ပျက်စီးတာတွေပါပဲ။
ကိုလက်စ်ထရော များနေရင်၊ သွေးတိုးနေရင် ဆရာဝန်က အခြေအနေဆိုးမသွားဖို့ အပြောင်းအလဲတချို့ လုပ်ဖို့ မပြောဘဲနေမှာ မဟုတ်ပါဘူး။ အထူးကုဆရာဝန်ထံက ရနိုင်တဲ့ အကြံပေးစကားကတော့ - - -
= အသီးနဲ့ ဟင်းသီးဟင်းရွက် မျာများစားပါ။
= အဆီ၊ ဆားနဲ့ သကြား များများပါတဲ့အစားအစာတွေကို လျှော့ချပါ။
= ငါး၊ အစေ့၊ အဆံတို့လို ကျန်းမာရေးနဲ့ညီတဲ့ အဆီမျိုးကို စားပါ။
= နှလုံးသွေးကြောတွေက် လေ့ကျင့်ခန်း မိနစ် ၂၀ လောက် ပုံမှန်လုပ်ပါ။
= ဖိစီးမှု stress ကို လျှော့ချပြီး၊ အိပ်ရေးဝအောင် အိပ်ပါ။
= ဆေးလိပ်နဲ့ အရက်ဖြတ်ပါ။
ရောဂါကြာရှည်နေရင် ဆရာဝန်က ကိုလက်စ်ထရော ချတဲ့ဆေးတွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တာကြောင့် တခြားနည်းတွေကို သုံးဖို့ လိုလာပါလိမ့်မယ်။ သွေးကြောပိတ်တာ၊ သွေးတိုးတာအတွက် ရှေးနည်းကောင်းလေး တခုရှိပါတယ်။ တကယ့်ရိုးရိုးလေးပါ။
![]() |
| GARLIC ကြက်သွန်ဖြူ |
= ကြက်သွန်ဖြူ ၄ ဥ
= ရှောက်သီးအရွယ်လတ် ၄ လုံး
= ရေနွေး ၃ လီတာ
နည်းစနစ်=
= ကြက်သွန်ဖြူကို အခွန်ခွါပါ။
= ရှောက်သီးတွေကို ဆေးပါ။ မသန့်သေးရင် အခွံမခွါပါနဲ့။
= ဆေးပြီးမှ ရှောက်သီးတွေကို သေးသေး စိတ်ပါ။
= ဗူးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ရှောက်သီးတွေကို ရောထည့်ပါ။
= အဖုံးပိတ်ပြီး ၃ ရက်လောက် နှပ်ထားပါ။
ကိုလက်စ်ထရောနဲ့ သွေးတိုးကို ရိုးရိုးလေးနဲ့ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကင်းစေတဲ့ ဆေးနည်းကလေးပါ။ ၃ ရက်ကြာတဲ့အခါ ထမင်းစားပြီးတိုင် လက်ဖက်စားဇွန်းနဲ့ တဇွန်း စားရုံပါပဲ။ တဖြည်းဖြည်းနဲ့ ဆေးအချိန်အဆကို ကိုယ်ခန္ဓာက လက်ခံလာတဲ့အတိုင်း တိုးစားသွားနိုင်ပါတယ်။ အများဆုံးတော့ တနေ့ကို ၅၀ မီလီလီတာပဲ စားရမယ်ဆိုတာ သတိရပါ။

No comments:
Post a Comment