Monday, July 12, 2021

အာဏာ အကြောင်း - တပိုင်းတစ


ဗာဗုလုန်ပြည်ရဲ့ ရှင်ဘုရင် နေဗုခ နေဇာက ထူးဆန်းတဲ့ အိပ် မ က် ကို မ က်တယ်။ အဲဒီ အိပ် မ က် က ကမ္ဘာ့ရဲ့ အုပ်ချုပ်ရေး ပုံစံတွေကို ဘုရားက ကြိုတင် နိမိတ်ပေး ပြောပြတာ ဖြစ်တယ်။ (ဒံယေလ အနာဂတ္တိကျမ်း)
အိပ် မ က် မှာ ရုပ်တုအကြီးကြီး ရှိတယ်။
၁။ ခေါင်းပိုင်းက - ရွှေ
- ဘေဘီလွန် နိုင်ငံတော် - B.C 606 - 539 - သက်ဦးဆံပိုင် ဘုရင်စနစ်
၂။ ရင်ဘတ်နဲ့ လက် မောင်း - ငွေ
- ပါးရှား နိုင်ငံတော် - B.C 539 - 331 - စည်းမျည်းခံ ဘုရင်စနစ်
၃။ ဝမ်းဗိုက်နဲ့ ပေါင် - ကြေး
- ဂရိ နိုင်ငံတော် - B.C 331 - 323 - စစ်အုပ်ချုပ်ရေးစနစ်
၄။ ခြေတံနဲ့ ခြေဖျားပိုင်း - သံနဲ့ သရွတ် (ဘိလပ်မြေ)
- ရောမ နိုင်ငံ - B.C 322 -A.D 476 နဲ့ အနာဂတ်ကာလ - ဒီမိုကရေစီစနစ်
ခရစ်ယာန်ကျမ်းစာ အယူအဆအရ လူတွေ အုပ်ချုပ် အာဏာရနေတာဟာ ဘုရား အခွင့်ပေးထားလို့ ပါ။ နောက်ဆုံးမှာ ရုပ်တုကို လူ့လက်ဖြင့် မလုပ်တဲ့ ကျောက်တုံးတတုံးက ထိခိုက်ပြီး ရုပ်တု ပြိုလဲမယ်။ ဆိုလိုတာက ဘုရားကိုယ်တိုင် အုပ်ချုပ် အာဏာသိမ်းပြီးမှ ကမ္ဘာကုန်မယ်။ ဒီကြားကာလမှာ လူတွေ အုပ်ချုပ်နေတယ်။ သတိထားစရာက .....
၁။ အာဏာက တဖြည်းဖြည်း ကျလာတယ်။ ရွှေ၊ ငွေ၊ ကြေးကနေ သံနဲ့ သရွတ် အထိ။ မှိန်လာတယ်။
၂။ လူတွေရဲ့ နောက်ဆုံးအုပ်ချုပ်ရေး စနစ်ဟာ ဒီမိုကရေစီစနစ် လို့ ​ဆိုနိုင်တယ်။
၃။ ပြည်တွင်း စစ်အုပ်ချုပ်ရေးမှာ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ အာဏာရှင် အပြည့်အဝ၊ သူတယောက်တည်း၊ တခြားသူ မရှိ။ ဒုတိယက သူနဲ့အတူ ခရိုနီတွေ မွေးလာရတယ်။ တတိယက အခက်အခဲမျိုးစုံနဲ့။ ပါဝါက တဖြည်းဖြည်း ကျလာတယ်။
၄။ ဒီမိုကရေစီဟာ မတူတဲ့အရာတွေ (သံနဲ့သရွတ်) ပေါင်းထားတယ်။ တကယ် တသားတည်းတော့ မဖြစ်ဘူး။ ဒါကြောင့် ဒီမိုကရေစီဟာ unity in diversity - "မတူဘဲ ညီရတာ" ဆိုတော့ နေလို့ရရုံ သည်းခံပေါင်းကြရတာမျိုး ဖြစ်တယ်။
အဲဒီလို နေတတ်ဖို့လည်း သင်ယူကြရဦးမယ်။ အခု အတူဆန္ဒပြပေမယ့် တယောက်နဲ့တယောက် အရာရာမှာ အယူအဆ၊ အကြိုက် တူကြတာ မဟုတ်ဘူး။ ဆန္ဒပြလူငယ်တချို့က အဆိုတော်လေးကို ထောက်ခံတာ မြင်ရတုန်းက မျက်ခုံးပင့်မိတယ်။ စစ်အာဏာရှင်ကို တော်လှန်နေတုန်းမှာ လူလတ်တွေက ခရိုနီကို လော်ဘီ လုပ်တော့ နှုတ်ခမ်းရွဲ့အောင် မဲ့မိတယ်။ ဒီမိုကရေစီရချင်တဲ့ လူကြီးတချို့က စစ်လော်ဘီရဲ့ ပို့စ်တွေကို ဘုမသိ ဘမသိ ရှဲတော့ ဘာထူးသလဲ၊ စိတ်ရင်းက အတူတူပဲ ဆိုပြီး ခေါင်းခါမိတယ်။
အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီခေတ် ရောက်တော့မယ်။ အချိန်တန်ပြီလေ။ ဒါပေမယ့် အခြေအနေသစ်မှာ အများကြီး သင်ယူစရာတွေ ရှိပါတယ်။
- စိတ်ရင်းကောင်းအောင် ကိုယ့်စိတ်ကို ကောင်းအောင် မပြုပြင်ရင် ဘယ်ခေတ်ရောက်ရောက် လူကောင်း မဖြစ်ဘူး။
- ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့ စိတ်ကလေး မရှိရင် ဒီမိုကရေစီခေတ်မှာ ဆန္ဒတွေ ဆက်ပြနေလိမ့်ဦးမယ်။
- လေ့လာသင်ယူလိုစိတ် မရှိရင် ဘယ်တော့မှ ပညာ တိုးလာမှာ မဟုတ်ဘူး။
- အလုပ်ကြိုးစားချင်စိတ် မရှိရင် ကိုယ်နေတဲ့ အိမ်ကလေးကနေ တိုက်အမြင့်ကြီးကို လှမ်းကြည့်ရင်း နောင်ဆိုရင် မင်းထက်သာမယ် လို့ ပြောလည်း တကယ်ဖြစ်လာမှာ မဟုတ်ဘူး။

No comments:

Post a Comment