News: လိုင်ဇာမြို့အဝင်ဝအထိ အစိုးရပ်တပ် သိမ်းပိုက် - February 1, 2013
Views: ရှောလုမင်းက ဒါဝိဒ်ကို အကြောင်းမရှိ၊ အကြောင်းရှာ အမြဲတိုက်ခိုက်နေခဲ့ပါတယ်။ ဒါဝိဒ်က လူနည်းစု။ ရှောလုက စစ်တပ်ကြီး။ တကြိမ်မှာတော့ ဝိုင်းပိတ်ဆို့ရင်း ဖမ်းမိလုလု ဖြစ်သွားတယ်။
ရှောလုမင်းရဲ့ စစ်တပ်နဲ့ ဒါဝိဒ်ရဲ့ကြားမှာ ကျောက်တန်းတတန်းပဲ ခြားပါတော့တယ်။
ကျောက်တန်းကျော်ရင် ဒါဝိဒ်ကို ဖမ်းမိတော့မယ်။
ဒီအချိန်မှာ မမြော်လင့်တဲ့ ပြဿနာတခု ရှောလုမင်းမှာ ဝင်လာတယ်။ နိုင်ငံခြားက ဖိလိတ္တိတပ်တွေ ဝင်လာတယ်လို့ သတင်းပို့လာတယ်။ မဖြစ်သာတော့ ရှောလုမင်း ဒါဝိဒ်ကို မဖမ်းသာဘဲ နောက်ပြန်လှည့်ရတယ်။ ဒီအခါမှာ ဒါဝိဒ်ဟာ အဲဒီကျောက်တန်းကို “သေလဟမ္မလေကုပ်” လို့ နာမည်ပေးပါတယ်။ အဓိပ္ပါယ်က "Rock of Division" “စည်းခြားထားတဲ့ ကျောက်ပါ”။ သူ့ရန်သူကို အဲဒီကျောက်တန်း ကျော်ဖို့ ဘုရားသခင် အခွင့်မပေးခဲ့လို့ပါ။ ဘုရားက ရန်သူကို အခွင့်ပေးတာဟာ အကန့်အသတ်နဲ့ပါ။ တကယ်တော့ ဒီအခြေအနေဟာ စိတ်ဓါတ်ကျစရာမဟုတ်ဘဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေတခုပါ။ ၁ရာ ၂၃း ၂၅- ၂၉ -
No comments:
Post a Comment