![]() |
| King James Bible |
အမေရိကန်တွေဟာ King James Version ကို ပိုကြိုက်လာတယ်လို့ စစ်တမ်းတွေအရ သိရတယ်။ KJV ကျမ်းစာကို ဖတ်ရှုသူက ၅၅ %၊ New International Version ကို ၁၉% နဲ့ New Revised Standard Version, New American Bible, Living Bible တို့ကတော့ ၁၀% ထက်လျော့နဲနေတယ်။
မနှစ်က ကလေ့လာချက်ကတော့ King James နဲ့ New King James Version က ၅၂%၊ NIV က ၁၁% ဖြစ်ပါတယ်။
Google Search မှာ ကျမ်းစာဘာသာပြန်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို KJV က ၄၅%၊ NIV က ၂၄% ရှိတယ်လို့ Bible Gateway အဖွဲ့က ဆိုပါတယ်။ တခြား version တွေနဲ့ ပါတ်သက်ပြီး ရှာဖွေတာတွေက အတော်နဲနေတယ်။
၂၀၁၁ ခုနှစ် Lifeway က လေ့လာချက်အရ အမေရိကန် ၆၂% မှာ KJV ကျမ်းစာ ရှိသလို၊ ကျမ်းစာနေ့တိုင်းပုံမှန်ဖတ်တဲ့ အမေရိကန်တွေရဲ့ ၈၂% ဟာ KJV ကျမ်းစာကို ဖတ်ကြတယ်လို့ ဆိုတယ်။
တခြား versions တွေဟာ ကျမ်းစာသားတွေကို ပေါ့ပျက်ပျက် ဘာသာပြန်ထားပြီး၊ ခဏတာ နာမည်ထွက်လာပေမယ့် ရေရှည်မှာ King James Version က အစစ်ခံနိုင်နေဆဲဖြစ်တာ တွေ့လာရပါတယ်။

No comments:
Post a Comment