Sunday, October 20, 2019

ခရစ်ယာန်သတင်း 2014, Jan

ဆင့်ကဲဖြစ်စဉ် အယူအဆကို စိန်ခေါ်လိုက်သော လူ့လက် အရိုးစု

HUMAN HAND BONE CHALLENGES EVOLUTION

                ကင်ညာနိုင်ငံ မြောက်ပိုင်းမှာတွေ့ရတဲ့ လူ့လက် အရိုးတစုံကြောင့် လေ့လာသူတွေ အံအားသင့် သွားကြတယ်။ ကျောက်လွှာတွေထဲမှာတွေ့ရတဲ့ အဲဒီအရိုးစုကို နှစ်ပေါင်း ၁.၄ သန်းလောက်က အရိုးလို့ ခန့်မှန်းကြပြီးတော့ ကမ္ဘာသက်တန်း အရင့်ဆုံး လက်အရိုးစုလို့ အမွှန်းတင် ကြတယ်။ ဒါပေမယ့် အဲဒီလက်အရိုးစုက အရွယ်ငယ်နေတော့ သက်တမ်းတွက်ချက်သူတွေကို စိန်ခေါ်သလို ဖြစ်လာပါတယ်။ လောကီအသိုင်းအဝိုင်းက ပြောနေသလို၊ အဲဒီရှေးအကျဆုံး လက်အရိုးစုဟာ နှစ်သန်းတဝက်လောက် ကြာခဲ့ပြီဆိုရင်တောင်၊ ဒီလောက် နှစ်ပေါင်းများစွာ ကြာပေမယ့် ဘာမှ ဆင့်ကဲပြောင်းလဲမှု မရှိတာကို ပြနေပါတယ်။ အခုတွေ့တာက ၅ ပေ၊ ၁၀ လက်မ ရှိတဲ့ လူတယောက်ရဲ့ လက်အရိုးဖြစ်တယ်လို့ နှိုင်းယှဉ်ကြပါတယ်။ “အခုခေတ်လူတွေရဲ့ လက်နဲ့ အရွယ်အစားရော၊ ပုံစံပါ အစစ အရာရာ တူနေတယ်” လို့ ဆိုပါတယ်။
အခုတွေ့ရတဲ့ သက်တမ်းအရင့်ဆုံး လူ့လက်အရိုးစုဟာ လူတွေ ဆင်ကဲ့ဖြစ်စဉ် ပြောင်းလဲလာတယ်ဆိုတဲ့ သက်သေမျိုး လုံးဝ မပြခဲ့ပါဘူး။ အခု ကင်ညာအရိုးစုက “man originating…as man” လူဟာ လူအဖြစ်နဲ့ပဲ အစပြုလာတာပါလို့ ထောက်ပြနေပါတယ်။ (“Surprising Human Hand Bone,” Brian Thomas, Institute for Creation Research, Jan. 10, 2014)
 မှတ်ချက်။         ။ တကယ်တော့ သူတို့ရဲ့ သက်တမ်းတွက်ချက်နည်း dating methods တွေကလည်း မှားနေပါတယ်။ လူကြီးတွေက ကလေးတွေကို ပုံပြောပြတဲ့အခါ “ဟိုး …. ရှေးရှေးတုန်းက …. “ လို့ စ တယ်မဟုတ်လား။ ဒါဝင်ရဲ့ နောက်လိုက်တွေကလည်း သက်တမ်းတွက်ချက်ရာမှာ “ဟိုး ….. လွန်ခဲ့တဲ့ နှစ်သန်းပေါင်း သန်းချီတုန်းက ….. “ လို့ စပြောကြပါတယ်။ လုပ်ရပ်ကတော့ တူတူပါပဲ။ ပုံပြောနေကြတာပါ။

ခရစ်ယာန်တယောက်အတွက် အဆိုးဆုံးနေရာ ၁၀ ခု

10 WORST PLACES IN THE WORLD TO BE A CHRISTIAN

ကမ္ဘာတဝှန်းက ခရစ်ယာန်တွေ အညှဉ်းဆဲခံရမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Open Doors, USA အဖွဲ့က ၂၀၁၄ အတွက် ထုတ်ပြန်လိုက်တဲ့ စာရင်းဖြစ်ပါတယ်။ အစိုးရရဲ့ ရက်စက်စွာ ဖိနှိပ်မှု (သို့) အစွန်းရောက်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ရှိတဲ့ တိုင်းပြည်စာရင်း ဖြစ်ပါတယ်။ အဆိုးဆုံး နေရာတွေကတော့ “မြောက်ကိုရီးယား၊ ဆိုမာလီးယား၊ ဆီးရီးယား၊ အီရတ်၊ အာဖကန်နစ်စတန်၊ ဆော်ဒီအာရေးဗီးယား၊ မယ်လဒိုက်၊ ပါကစ္စတန်၊ အီရန်၊ ယီမင်” တို့ဖြစ်ပါတယ်။ ဒါတွေနဲ့ ပါတ်သက်လို့ သမတ အိုဘားမားအစိုးရက ကာကါယ်ပေးမှု အားနည်းခဲ့တယ်။ အနောက်နိုင်ငံ အစိုးရတွေအနေနဲ့လည်း ဘာသာရေး လွတ်လပ်ခွင့်အတွက် ခေါင်းဆောင်မှု အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ (The Blaze, Jan. 8, 2014)
မှတ်ချက်။           ။ မိတ်ဆွေအများ နေထိုင်ရာ ရွှေပြည်ကြီးကတော့ နံပါတ် ၂၃ ပါ။

ဦးနှောက်ရဲ့ အဓိက နာရီကြီး

THE BRAIN’S MASTER CLOCK

လူ့ကိုယ်ခန္ဓာမှာ မတူညီတဲ့ rhythms စည်းချက်အမျိုးမျိုး ရှိပါတယ်။ ဥပမာ …. ကိုယ်အပူချိန်နဲ့ သွေးပေါင်ချိန်ဟာ ၂၄ နာရီ တရက်အတွင်း လည်ပတ်နေပါတယ်။ တခြား rhythms ရစ်သမ် စည်းချက်တွေကတော့ ရ ရက်တခါ၊ ၂၈ ရက်တခါ စသည်ဖြင့် လှည့်ပတ်နေပါတယ်။ တချို့ ရစ်သမ် စည်းချက်တွေကို hypothalamus ဆိုတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတခုက ထိန်းချုပ်ပြီးတော့၊ တချို့ကိုတော့ pituitary gland ဆိုတဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကြိတ်က ထိန်းပါတယ်။ ဒါပေမယ့် တချို့အကြိတ်တွေကိုလည်း တခြားအင်္ဂါအစိတ်းအပိုင်းတွေရဲ့ rhythms တွေက ထိန်းချုပ်တတ်ပြန်ပါတယ်။ ဒါက ဘာနဲ့တူလည်းဆိုတော့ အခန်းတခန်းထဲမှာ နာရီပေါင်း ရာနဲ့ချီပြီး လည်ပတ်နေတာနဲ့ တူပါတယ်။ အခြေအနေဆိုးစေချင်ရင် နာရီတွေကို ရပ်ခိုင်းလိုက်ပါ။ အချိန်မမှန်စေနဲ့။ ဒါဆို ရှုပ်ထွေးသွားပြီပေါ့။
ဒါပေမယ့် ကိုယ်ထဲမှာရှိတဲ့ နာရီအားလုံးနဲ့ တွဲဖက်အလုပ်လုပ်နေတဲ့ အဓိက Master နာရီကြီးတလုံး ဦးနှောက်မှာ ရှိတယ်လို့ တွေ့ရှိထားကြပါပြီ။ အဲဒီ အဓိက Master နာရီကြီးက SCN အစီအစဉ်နဲ့ လည်ပတ်နေပါတယ်။ တချိန်တုန်းကတော့ ဒီအလုပ်တွေကို hypothalamus က လုပ်တယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် hypothalamus ဟာ SCN ရဲ့ လက်ထောက်မျှသာ ဖြစ်ပါတယ်။ သူတို့ နှစ်ခု ပူးပေါင်းပြီး ဓါတ်သဘာဝတွေ့ရဲ့ တုန့်ပြန်မှုတွေအတိုင်း လည်ပတ်လိုက်တဲ့အခါ၊ တခြား အင်္ဂါအစိတ်အပိုင်းတွေလည်း မှန်မှန်ကန်ကန် လည်ပတ်ကြပါတော့တယ်။
ဒါကိုကြည့်ရင် လူဟာ အလိုအလျောက် ဖြစ်လာစရာမရှိဘဲ၊ ဘုရားသခင်က ပညာပါပါ ဒီဇိုင်းနဲ့ ဖန်ဆင်းထားတာကို ရိပ်မိနိုင်ပါတယ်။ (www.creationmoments.com, Dec. 16, 2013)

အမေရိကန်ပြည်ရှိ ကျမ်းစာအသိ အရှိဆုံး မြို့ ၁၀ မြို့နဲ့ ကျမ်းစာအသိ အနည်းဆုံး မြို့ ၁၀ မြို့

The 10 Most and Least ‘Bible-Minded’ Cities in America!

          အမေရိကန် ကျမ်းစာအသင်းနဲ့ Barna Group တို့က ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။ မြို့ကြီး ၁၀၀ မှာရှိတဲ့ မြို့သူမြို့သားတွေရဲ့ သမ္မာကျမ်းစာ အသိကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ သမ္မာကျမ်းစာကို အသိဆုံးမြို့က Tennessee ပြည်နယ် Chattanooga မြို့ ဖြစ်ပြီး၊ ကျမ်းစာ ဗဟုသုတ မရှိဆုံးမြို့ကတော့ Rhode Island မှာရှိတဲ့ Providence မြို့ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူပုံကတော့ ပြီးခဲ့တဲ့ ရ ရက်အတွင်း သမ္မာကျမ်းစာ ပုံမှန်ဖတ်ရှုခဲ့ခြင်း ရှိ/မရှိနဲ့ သမ္မာကျမ်းစာ အမှားအယွင်း မရှိကြောင်း ယုံကြည်မှုအပေါ်မှာ မေးမြန်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ အမေရိကန်ပြည် အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဟာ ခရစ်ယာန်ဒေသတွေ ဖြစ်ပါတယ်။ အရှေ့ဖက်ကမ်းခြေဒေသက မြို့တွေကတော့ သမ္မာကျမ်းစာ သိကျွမ်းမှု အားနည်းနေပါတယ်။
ကျမ်းစာသိတဲ့ မြို့ ၁၀ မြို့ကတော့ …….
1.      Chattanooga, Tenn.
2.     Birmingham, Ala.
3.     Roanoke/Lynchburg, Va.
4.     Springfield, Mo.
5.     Shreveport, La.
6.     Charlotte, N.C.
7.     Greenville/Spartanburg, S.C./Asheville, N.C.
8.     Little Rock, Ark.
9.     Jackson, Miss.
10. Knoxville, Tenn.
 ကျမ်းစာ သိပ်မသိတဲ့ မြို့ ၁၀ မြို့ကတော့ ………
1.      Providence, R.I./New Bedford, Mass.
2.     Albany, N.Y.
3.     Boston
4.     San Francisco
5.     Cedar Rapids, Iowa
6.     Buffalo, N.Y.
7.     Hartford/New Haven, Conn.
8.     Phoenix
9.     Burlington, Vt.
1         10. Portland, Maine

No comments:

Post a Comment