Sunday, October 20, 2019

အမေရိကန်ရွေးကောက်ပွဲ သမ္မတလောင်းများနဲ့ ယုံကြည်မှု Presidential Candidates in 2015

Republican

 ရီပတ်ဗလီကင် ၄၂ ရာနှုန်းက သူတို့ပါတီရဲ့ သမ္မတလောင်းဟာ Donald Trump ဖြစ်မယ်လို့ ထင်ကြတယ်။ ၄၃ % ကတော့ ရွေးကောက်ပွဲကြီးမှာ နိုင်ခြေ အရှိနိုင်ဆုံးသူ ဖြစ်တယ်လို့ သူ့ကို ယူဆကြတယ်။ ၁၅% က Ben Carson ။ ၁၂% က Jeb Bush လို့  ABC News ရဲ့ စစ်တမ်းက ဆိုတယ်။ Marco Rubio က နံပါတ် ၄ နေရာ ရပြီး ထောက်ခံသူ  ၅ % ရှိပါတယ်။ - The Washington Examiner
Conservative group တခုရဲ့ Christian Voting Guide က Biblical qualifications ကျမ်းစာပါ အရည်အချင်းတွေကို ကြည့်ပြီး မဲလမ်းညွှန်ရာမှာတော့ -
Arkansas ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း Mike Huckabee က "A" ရပြီး၊ Donald Trump က "F" ပဲရပါတယ်။
ဒီစစ်တမ်းကို USA Christian Church ရဲ့ Pastor Steven Andrew က ကောက်ယူတာဖြစ်ပြီး သမ္မတဖြစ်ဖို့ ကျမ်းစာပါ အရည်အချင်းနဲ့ညီသူ ၄ ယောက်ပဲ ရှိတယ်လို့ ဆိုတယ်။ သမ္မတရားကို မြတ်နိုးမှု truthfulness ၊ လောဘကင်းမှု၊ ဘုရားပေးအခွင့်အရေးတွေကို ကာကွယ်မှု၊ ဘုရားကို ကြောက်ရွံ့ ရိုသေမှု၊ ခရစ်ယာန် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မှုတွေနဲ့ တိုင်းတာခဲ့တယ်။ Ted Cruz, Ben Carson, နဲ့ Rand Paul တို့က B- grade ရကြပြီး၊ Huckabee က A ရပါတယ်။
Trump, Carly Fiorina, Marco Rubio, Jeb Bush, Chris Christie, Hillary Clinton, Joe Biden, and Bernie Sanders တို့က F grade ပဲ ရကြပါတယ်။

Mike Huckabee


Mike Huckabee
  “ငွေကုန်ခံနိုင်တာ မကြည့်နဲ့။ လူကြိုက်များတာ မကြည့်နဲ့။ ဘုရားစိတ်တော်နဲ့တွေ့ဖို့ လိုတယ်။ ဘုရားစိတ်တော်နဲ့ တွေ့တဲ့သူ ဦးဆောင်မှ တိုင်းပြည် ကောင်းကြီးခံရမယ်။ Mike Huckabee ကတော့ ဒါဝိဒ်မင်းနဲ့ အနီးစပ်ဆုံးသူ ဖြစ်တယ်” လို့ Pastor Andrew က ဆိုတယ်။ Mike Huckabee ဟာ နှစ်ခြင်း သင်းအုပ်ဆရာ ဖြစ်ခဲ့ဖူးတယ်။ 

Ted Cruz


Ted Cruz
Evangelicals တွေကြားမှာ လူသိများတဲ့ Ted Cruz ကတော့ "လူကို ပြောင်းလဲစေနိုင်တဲ့ ခရစ်တော်ရဲ့ မေတ္တာကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အိမ်မှာ အဖေမရှိဘဲ အမေတယောက်တည်းက
ကြည့်ရှုပြုစုရင်း ကြီးပြင်းလာရသူ ဖြစ်ခဲ့မှာပဲ။" လို့ ဆိုတယ်။ သူ ငယ်ငယ်မှာ အဖေက အရက်သမား။ မိသားစုကို ပစ်ပြီး၊ အိမ်က ထွက်သွားတယ်။ တခြားပြည်နယ်ရောက်တော့ ဧဝံဂေလိတရား ကြားရပြီး၊ ကယ်တင်ခြင်းရကာ အိမ်ပြန်လာခဲ့တယ်။ အခုတော့ သူ့အဖေဟာ သင်းအုပ်ဆရာ Pastor Raphael Cruz ဖြစ်နေပြီ။

Ben Carson


Ben Carson
  Ben Carson က Seventh-day Adventist တယောက်ဖြစ်ပြီး၊ အဓိက ခရစ်ယာန် အသင်းတော်များထဲမှာ ပါလေ့မရှိတဲ့ အသင်းတော်ပါ။ သုတ္တံကျမ်းကို ဖတ်ရင်း ဒေါသစိတ်ကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ Booker T. Washington အကြောင်းစာအုပ်နဲ့ ဓမ္မဟောင်းကျမ်းထဲက ယောသပ် အကြောင်းဟာ သူ့ကို ပုံသွင်းပေးတဲ့ အကြောင်းအရာတွေလို့ ဆိုတယ်။ “Our land right now is in need of God's healing hands.”  “တို့တိုင်းပြည်ဟာ အခုအချိန်မှာ ဘုရားလက်တော်နဲ့ ကုစားဖို့ လိုနေပြီ။” လို့ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Dr. Ben Carson ဆိုပါတယ်။

Jeb Bush

Jeb Bush
  Jeb Bush ရဲ့ ဖခင် George H.W. Bush က Episcopalian ။ မိခင် Barbara က Presbyterian ။ အကို George W. Bush က Billy Graham နဲ့ စကားပြောပြီးနောက်ပိုင်း အရင်လို အရက်မသောက်တော့ဘူးဆိုတဲ့ evangelical တယောက်ဖြစ်ပေမယ့် Jeb Bush ရဲ့ ဇနီးက Catholic ဖြစ်တော့၊ Jeb ကလည်း Catholic ပါ။

Donald Trump

Donald Trump
 Republican ထဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ Trump ဟာ ဘုရားကို ကိုးကွယ်တာ မဟုတ်ဘူး။ ငွေကို ကိုးကွယ်တာလို့ Andrew ဆိုတယ်။ Donald Trump ဟာ Presbyterian တယောက်ဖြစ်တယ်။ ဒါပေမယ့် သူက …. "ဘုရားသခင်ထံမှာ ခွင့်လွှတ်ခြင်းရဖို့ တခါမှ ဆုမတောင်းဖူးဘူး။ အမှားလုပ်မိရင် အမှန်ပြင်ဖို့ပဲ ကြိုးစားတယ်။ ဘုရားကျောင်းသွားရင်ပဲ စပျစ်ရည်သောက်တယ်။ တခြားမှာ မသောက်ဘူး။ မုန့်တဖဲ့ စားတယ်။ ဒါကခွင့်လွှတ်ခြင်း ခံရဖို့လေ။ ဒါတော့ ခဏခဏ လုပ်တယ်။" လို့ ဆိုတယ်။
Oct 15-18 အတွင်းထွက်လာတဲ့ Wall Street Journal/NBC News ရဲ့ စစ်တမ်းတွေအရ Trump ဟာ Republican တွေကြားမှာ လူကြိုက်အများဆုံးအဖြစ် ၂၅% ထောက်ခံမှုရကာ ရှေ့ဆုံးက ပြေးနေပြီး၊ Carson က ၂၂%၊ Huckabee က နောက်ဆုံးနားမှာ ၃% ပဲ ထောက်ခံမှုရပါတယ်။
Trump အနေနဲ့ Republican သမတလောင်းအဖြစ်အရွေးခံရရင် ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Ben Carson ကို ဒုသမ္မတလောင်းအဖြစ် လက်တွဲမလားလို့ မေးရာမှာတော့
မစဉ်းစားရသေးဘူး လို့ ဆိုတယ်။
"လူတွေထင်သလို ကျွန်တော်တို့ နှစ်ယောက်က ပုံစံမကွာလှပါဘူး။ ရင်းရင်းနှီးနှီးပါပဲ။ ပုံစံချင်းတော့ မတူဘူးပေါ့။ ကျွန်တော် တော်တာရှိသလို၊ သူတော်တာတွေလည်း ရှိတယ်။" "သူ့ကို သဘောကျတယ်။ ကျွန်တော်ကိုလည်း သူသဘောကျပါတယ်။"

Democratic

Bernie Sanders


Bernie Sanders
 Vermont ပြည်နယ် senator နဲ့ Democratic သမ္မတလောင်း အသက် ရ၄ နှစ်အရွယ် Bernie Sanders ကတော့ ဂျူးလူမျိုး ဖြစ်တယ်။ ဒီမိုကရက်တစ် ဆိုရှယ်လစ် တယောက် ဖြစ်တယ်။ ဘာသာရေးနဲ့ ဝေးဝေးနေလေ့ ရှိတယ်။
Deeply conservative Christian school ဖြစ်တဲ့ (ကွန်ဆာဗေးတစ် အားကြီးတဲ့ ခရစ်ယာန် ကျောင်းတကျောင်းဖြစ်တဲ့) Liberty University မှာ လာ မဲဆွယ်ရာမှာတော့ ကိုယ်ကျင့်တရား ရှိတာ၊ ရိုးသားတာ၊ သူတပါးအပေါ် ကောင်းဖို့ သင်ယူနေကြတာ ကောင်းတယ် လို့ ဆိုတယ်။ "ကိုယ်ဝန်ဖျက်တာနဲ့ ယောကျင်္ားချင်း လက်ထပ်တာတွေကတော့ ခင်ဗျားတို့ သိပ်အလေးအနက်ထားမှန်း သိပါတယ်။ ဒီနေရာမှာတော့ သဘောထားကွဲပါတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် တခြား အကြောင်းအရာတွေ ရှိသေးတယ်။ သဘောထားတွေ ကွဲလွဲပေမယ့် အတူလက်တွဲ ဖြေရှင်းကြရပါမယ်။"

Hillary Clinton

Hillary Clinton
 နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ ပထမဆုံးအမျိုးသမီး အမေရိကန် သမ္မတဖြစ်ဖို့ ကြိုးစားနေသူ ဒီမိုကရက်ပါ။ သူက Methodist ပါ။ Liberal Democrat ဖြစ်ပေမယ့် ဘာသာရေးအကြောင်း လူသိရှင်ကြား ပြောတတ်တယ်။ သူ့ပါတီထဲက ဘာသာရေးအပေါ် တင်းမာသူတွေကို သဘောထားအမြင် ပြောင်းစေချင်သူ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ဝန်ဖျက်တာ၊ လိင်တူလက်ထပ်တာတွေကို တရားဝင်လက်ခံဖို့ ဘာသာရေးအမြင်တွေကို ပြောင်းလဲစေချင်သူလည်း ဖြစ်နေပြန်ပါတယ်။
သူ့ကို Most godless member of the Senate ဆီးနိတ်မှာ ဘုရားမဲ့အဖြစ်ဆုံး အမျိုးသမီးလို့ ဝေဖန်သူတယောက်က ဆိုတယ်။ Jerry Falwell က Hillary Clinton ဟာ "လူစီဖါက ဒီမိုကရက် သမ္မတလောင်းအဖြစ် အရွေးခံရင်တောင် သူ့လောက် conservative evangelicals  တွေနဲ့ အခြေခံထားတဲ့ Republican တွေရဲ့ ထောက်ခံမှုကို ရမှာ မဟုတ်ဘူး။" လို့ ဆိုဖူးပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချသူလို့ ဆိုချင်တာပါ။       ။

Why I'm Voting for Donald Trump

အမေရိကန် သမတ ရွေးကောက်ပွဲ နီးလာတာနဲ့ အကြိ်ုက်တွေ အမျိုးမျိုး ရေးလာကြတယ်။ အကြိုက်မတူတာ သဘာဝဆိုပေမယ့် တချို့ရေးတာတွေက သိပ်စိတ်ပျက်စရာ ကောင်းပါတယ်။
ဟိုးအရင် ရွေးကောက်ပွဲတုန်းက ရေဒီယိုသတင်းဌာနတခုက မေးတော့ အမေရိကားရောက် ကရင်တယောက်က ဖြေတယ်။ “ကျွန်တော်က အိုဘားမားကို မဲပေးမယ်။ သူ့နာမည်မှာ ဘားမားပါလို့” တဲ့။ သမတရွေးမှာလား၊ မွေးဖွါးရာ နိုင်ငံမေးတာလား သိပုံမရသလို ဖြစ်နေတယ်။ တချို့ကလည်း Black မိုလို့တဲ့။ မဲရင်ပြီးရောဆိုရင် မီးသွေးခဲကို သမတခန့်လို့ ရမလား?
တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမတဖြစ်စေချင်တဲ့ စိတ်နဲ့ရောပြီး မိန်းမသမတ တက်စေချင်တယ်၊ ဟယ်လာရီကို သမတ ဖြစ်စေချင်သတဲ့။ မိန်းမယူတဲ့ကိစ္စမှာသာ ကိုယ်ယူမယ့်သူက မိန်းမဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးလို့ ထင်တာပဲ။ သမတကတော့ ယောကျင်္ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် Black ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ စေတနာမှန်မယ်၊ အရည်အချင်း ရှိမယ် ဆိုရင် အဆင်ပြေတာပါပဲ။
ကဲ ..... အခုတော့ Dr. R. B. Ouellette ရဲ့ Why I'm Voting for Donald Trump ကို ဖတ်ကြည့်ပါဦး။
“တယောက်ကို သမတအဖြစ် မဲထည့်ဖို့ နိုင်ငံရေးတွေ မရေးဖူးပေမယ့် ဒီတခါတော့ ရေးရပါတော့မယ်။ ရီပတ်ပလီကင်ထဲမှာ စပြီး ကြိုက်မိတာကတော့ Scott Walker ပါ။ သူထွက်သွားတော့ Marco Rubio ကြိုက်တယ်။ သူထွက်သွားတော့ Ted Cruz ကြိုက်တယ်။ Donald Trump ကတော့ ၁၇ ယောက်ထဲမှာ နံပါတ် ၁၇ ပဲ။ တခြားသူတွေကို သူ့ထက် ပိုကြိုက်တယ်။
သူက စံပြတော့ မဟုတ်ဘူး။ သူက လူမှုရေးရော ဘာသာရေးမှာပါ ည့ံတဲ့အတွက် သူကို မဲပေးဖို့ ခက်နေသူတွေလည်း ရှိတယ်။ ကျွန်တော့ သဘောကတော့ သမတဆိုတာ စံပြဖြစ်မှ မဟုတ်ပါဘူး။ အသင့်တော်ဆုံးဆိုရင် ရပါပြီ။ William F. Buckley က ချပြဖူးပါတယ်။ နိုင်ခြေရှိတဲ့ ကွန်ဆားဗေးတစ် အဖြစ်ဆုံးလူကို မဲပေးရမယ်တဲ့။
Donald Trump က ကိုယ်ကျင့်တရားမရှိဘူး။ အတ္တကြီးတယ်။ အခွင့်ရေးသမား။ မတည်ကြည်ဘူး။ ဒါပေမယ့် ဒါတွေအားလုံးမှာ ဟယ်လာရီ ကလင်တန်လောက်တော့ရှိတယ်။ ကျွန်တောသဘောကတော့ Donald Trump က ညံ့တယ်ဆိုရင် Hillary Clinton က ဆိုးတာ။
1. ဒုသမတလောင်းကို သူက လူကောင်း ရွေးထားတယ်။ Pence က ခရစ်ယာန်၊ တကယ့် ကွန်ဆားဗေးတစ်၊ လူကောင်းတယောက်။ သူ့စကား Trump က ဘယ်လောက် နားထောင်မလဲ မသိပေမယ့် အနားမှာ အကြံပေးနိုင်သူတွေ ရှိနေပြီ။
2. လူ့အသက်ကို တန်ဖိုးထားဖို့ Pro-life အကြောင်းကို Mr. Trump က ပါးစပ်နဲ့တော့ ပြောဖေါ်ရသေးတယ်။ Mrs. Clinton ကတော့ ဆန့်ကျင်ဖက်မှာ တကယ့် Pro-choice သမား။ ကိုယ်ဝန်ဖျက်တာနဲ့ ပါတ်သက်လို့ ပြောရာမှာ ဘာသာရေးအတွေးအခေါ်တွေ ပြောင်းဖို့ လိုသတဲ့။
3. Mr. Trump က စီးပွါးရေးတော့ နားလည်သေးတယ်။ Mrs. Clinton ကတော့ စီးပွါးရေးကို အားမပေးဘဲ စီးပွါးရေးသမားတွေထံက ပိုက်ဆံ ဘယ်လိုယူရမလဲ ဆိုတာပဲ သိတဲ့သူ။ Mr. Trump ကြောင့် စီးပွါးရေး တက်လာနိုင်တယ်။ Mrs. Clinton နဲ့ဆို စီးပွါးရေး မတက်လောက်ဘူး။
4. တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေရဲ့ ရန်ကို Mr. Trump က ပြတ်ပြတ်သားသား ရပ်တည်ပြလိမ့်မယ်။ Mrs. Clinton ဟာ နိုင်ငံခြားရေးဝန်ကြီးဘဝမှာ မလုပ်နိုင်ခဲ့ဘူး။
5. Mrs. Clinton ထက် Mr. Trump က တရားလွှတ်တော်ချုပ်ကို ပိုကောင်းအောင် လုပ်နိုင်မယ်။ Mrs. Clinton အာဏာရင် liberal တရားသူကြီးတွေ ခန့်ပြီး လွတ်လပ်မှုကို ပွန်းပဲ့စေလိမ့်မယ်။
အဖြစ်အပျက်တခု ကြားဖူးပါတယ်။ လူဆိုးတယောက်မှာ ညီဖြစ်သူ သေသတဲ့။ ပြစ်မှုအတူ ကျူးလွန်ခဲ့ကြတယ်။ အကိုက သူ့ညီရဲ့ အသုဘမှာ တရားဟောဆရာတယောက် လာပြီး သူ့ညီဟာ သန့်ရှင်းသူ Saint သူတော်စင်လို့ ပြောစေချင်ပါသတဲ့။ ပြောရင် ပြောတဲ့ဆရာကို ဒေါ်လာ တသောင်း ပေးချင်လောက်အောင် စိတ်က ပြင်းပြနေတာပါ။
Catholic priest က No တဲ့။ Presbyterian ဆရာကလည်း No တဲ့။ Baprist ဆရာကတော့ ရှင်းအာင် ပြန်ပြောပြပါဦး။ ခင်ဗျားညီကို သူတော်စင်လို့ ပြောရုံပဲလား? ဒါနဲ့ ခင်ဗျားက ဒေါ်လာ တသောင်း ပေးမှာလား?
"ဟုတ်တယ်။ ပြောရုံလေးပါပဲ။"
Baptist ဆရာက "ကျုပ်ပြောမယ်ဗျာ" တဲ့။ အသုဘမှာ သူပြောတာကတော့ .........
"ဒီလူဟာ ကောက်ကျစ်တဲ့လူဆိုတာ လူတိုင်း သိပါတယ်။ ခိုးတယ်။ လိမ်တယ်။ လူတွေကို လှည့်စားတယ်။ မြို့ထဲမှာ အဆိုးဆုံးထဲက တယောက်ပေါ့။ ဒါပေမယ့် သူ့အကိုနဲ့ ယှဉ်ရင်တော့ သူက သူတော်စင်ပေါ့။"

၁၁၄ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော် 114th Congress Heavily Religious

114th Congress Heavily Religious; 92 Percent "Christian"
ဘာသာတရားလေးစားသူတွေများလာတဲ့ ၁၁၄ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်၊ ခရစ်ယာန် ၉၂ ရာနှုန်း
ဇန္နဝါရီ ၂၀ မှာ ရွေးကောက်ခံရတဲ့ ၁၁၄ ကြိမ်မြောက် ကွန်ဂရက် (အောက်လွှတ်တော်) မှာ ဘာသာတရား လေးစားသူတွေ များလာတယ်လို့ Pew Research Center ရဲ့ လေ့လာချက်အရ သိရတယ်။ Christian က 92% နီးပါးဖြစ်ပြီး၊ တယောက်သောသူကတော့ ဘာသာမဲ့လို့ ဆိုတယ်။
ကွန်ဂရက်အမတ် 491 ယောက်ကို မေးမြန်းကြည့်ရာမှာ ....
  • Protestants - 57.2%
  • Roman Catholic - 30.7%
  • Jewish - 5.2%
9% သော အမတ်တွေကတော့ မေးခွန်းကို ဖြေဆိုဖို့ ငြင်းခဲ့ကြတယ်။ Arizona ပြည်နယ် ဒီမိုကရက်အမတ် Kyrsten Sinema ဆိုတဲ့ အမတ်တဦးတည်းကသာ ဘာသာရေးနဲ့ ပါတ်သက်မှုမရှိဘူးလို့ ဖြေတယ်။
ပါတီဝင်တွေထဲက ဘာသာတရားကလည်း စိတ်ဝင်စားစရာပါ။
  • Democrats 81.6% - Christians
  • Republicans 99.7% - Christians
ရီပတ်ဘလီကင်အမတ် တယောက်တည်းကသာ သူဟာ Jewish ဖြစ်တယ်လို့ ဆိုတယ်။
ကွန်ဂရက်အမတ် ရ ယောက်ဖြစ်တဲ့ Republican ၄ ယောက်နဲ့ Democrat ၃ ယောက်ဟာ အမှုတော်ဆောင်တွေဖြစ်တယ်လို့ ဆိုတယ်။

Obama 2015 ၂၀၁၅ အိုဘားမား


Obama
ISIS အဖွဲ့က ဖမ်းမိထားတဲ့ လေယာဉ်မှုးကို အရှင်လတ်လတ် မီးရှို့သတ်လိုက်တဲ့အခါ လူအများ တုန်လှုပ်သွားပါတယ်။ အတော်ရက်စက်ပါလားလို့ မြင်လာကြတယ်။ ဒါပေမယ့် popular သမတ
Obama ကတော့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ နိုင်ငံတော် ဆုတောင်းပွဲ the National Prayer Breakfast မှာ "အမေရိကန်တွေလည်း “high horse” မဖြစ်နဲ့။ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်ပြီး တဖက်သားကို အထင်အမြင် သေးတာ မလုပ်ရဘူး။ ခရစ်ယာန်တွေလည်း အလားတူ ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်တာတွေ ရှိဖူးတယ်။ Crusades စစ်ပွဲကာလမှာ ခရစ်တော် နာမတော်အတွက် ဆိုပြီး ကျူးလွန်ခဲ့တယ်" လို့ ဆိုတယ်။
တကယ်တော့ Crusades စစ်ပွဲဟာ အကြမ်းဖက်သမားတွေရဲ့ ရန်ကို ခုခံ ကာကွယ်ခဲ့ရတာသာ
ဖြစ်တယ်။ အခုခေတ်လို ခေါင်းဖြတ်သတ်တာတွေ၊ မတရားပြုကျင့်တာတွေကို ပြန်လည်ခုခံရတာ
ဖြစ်တယ်။ ဒါကြောင့် သမတ Obama ဟာ သမိုင်းကို နားလည်လွဲနေတယ်လို့ ဝေဖန်ကြတယ်။
တခါ ဖေဖေါ်ဝါရီလထဲမှာပဲ ထွက်လာတဲ့သတင်းအရ အီဂျစ်မှာ ခရစ်ယာန် ၂၁ ယောက်ကို ISIS က ဖမ်းဆီးပြီး ပင်လယ်ကမ်းဖြေမှာ ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ ဒီအခါမှာတော့ popular သမတ Obama က "အကြမ်းဖက်သမားတွေကို ပြန်တိုက်ခိုက်ပြီး နှိမ်နင်းလို့ မရဘူး။ အလုပ်လက်မဲ့ ပြသနာကြောင့်
ဖြစ်တာ။ အလုပ်အကိုင် ရှာပေးရမယ်" လို့ ဆိုပြန်တယ်။ တကယ်တော့ popular သမတဟာ သူ့သက်တမ်း ကုန်ခါနီးမှာ အကြမ်းဖက်သမားတွေ စိတ်သက်သာအောင် အားပေးနေတာပါ။ ဒါကြောင့် တချို့က Where is the Churchill of our time? ချာချီ လို ခေါင်းဆောင်မျိုး ဒီခေတ်မှာ
ပေါ်ပေါက်ဖို့ တောင့်တနေကြပါတယ်။

The Fall of The Roman Republic ရောမအင်ပါယာ ကျဆုံးခန်း

The Roman Republic came to an end when politicians became so self indulged in their own ideologies that they no longer cared about their people. They became demagogues. Violence became the means of dealing with those they opposed, and they lost the ability to be civil. Each side blamed the other. Nothing got done, and the fell into the hands of dictators who removed the republic and ruled as dictators. The fact was that is fell from within and not from without.

By Michael A. Smith








 နိုင်ငံရေးသမားတွေက ပြည်သူပြည်သားတွေကို ဂရုမစိုက်တော့ဘဲ၊ ကိုယ့်အယူအဆတွေနဲ့ကိုယ် ကြေနပ်နေတဲ့အခါ ရောမ ပြည်သူ့သမတနိုင်ငံတော်ကြီး ဇာတ်သိမ်းသွားရတယ်။ လူပြိန်းကြိုက်တွေ လုပ်လာတယ်။ ဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းလာတယ်။ လူထုအားကို မရတော့ဘူး။ တဖက်နဲ့တဖက် အပြစ်ပဲ ဖို့နေတယ်။ ဘာတခုမှ မတိုးတက်ဘူး။ ပြည်သူရဲ့အာဏာ အလုခံရပြီး၊ အာဏာရှင်တွေ မင်းမူလာတယ်။ တိုင်ပြည်ကျဆုံးရတာဟာ ပြည်ပရန်ကြောင့် မဟုတ်ဘူး။ အတွင်းကလူတွေ မကောင်းလို့ ဖြစ်ရတာပါ။

Handling Things With Dirty Hands (Burmese)

လက်မဲကြီးနဲ့ လျှောက်ကိုင်သမျှဟာ ညစ်ပတ်နေမှာပဲ
                      အားကစားပြိုင်ပွဲတွေ ကျင်းပတာ ကောင်းပါတယ်။ ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ်၊ အစွမ်းအစ ပြဖို့ ဖြစ်ဖြစ်၊ ကြံ့ခိုင်ရည်နဲ့ ဇွဲပြဖို့ပဲ ဖြစ်ဖြစ် အားကစားက ကောင်းပါတယ်။ ဒါပေမယ့် ငါတို့ နိုင်ဖို့၊ ဆုတံဆိပ်တွေ အများကြီးရဖို့ သူများတွေကို ဘယ်လိုညစ်ရမယ်၊ သူတို့ ရှုံးအောင် လူလည်ကျရမယ်ဆိုရင်တော့ အားကစားလည်း မကောင်းတော့ဘူးပေါ့။
တိုင်းပြည်မှာ ဥပဒေတွေ ရှိတာ ကောင်းပါတယ်။ လူအားလုံးကို တန်းတူညီမျှ ကာကွယ်ပေးမယ်ဆိုရင်ပေါ့။ ဒါပေမယ့် လူတချို့ကို သက်သက်မဲ့ အပြစ်ရှာ ဒုက္ခပေးဖို့၊ ဘယ်လိုမှ နေရာမရဖို့၊ ဖိနှိပ်ဖို့၊ ရက်စက်ဖို့ ရေးဆွဲထားတယ် ဆိုရင်တော့ ဒီဥပဒေတွေဟာ မကောင်းဘူးပေါ့။
ငြိမ်းချမ်းရေးဆွေးနွေးတာ ကောင်းတာပေါ့။ ဒါပေမယ့် မင်းတို့ ဂတိတည်ပါ။ ငါတို့တော့ ဘယ်တော့မှ မတည်ဘူး။ မင်းတို့ဖက်ကပဲ လျှော့ပေးရမယ်။ ငါကတော့ ဘာမှ မလျှော့ဖူးဆိုရင် အဲဒီလိုဆွေးနွေးပွဲမျိုးဟာ မကောင်းဘူးပေါ့။
ဘာသာတရားကို လွတ်လပ်စွာ ယုံကြည်ခွင့်ရတာ ကောင်းတာပေါ့။ ဒါပေမယ့် ကိုယ့်ယုံကြည်မှုအတွက် တခြားသူတွေရဲ့ အသက်အိုးအိမ်ကို လုယူမယ်ဆိုရင် မကောင်းတော့ဘူးပေါ့။
သန်းခေါင်စာရင်းကောက်တာ ကောင်းတာပေါ့။ ဒါပေမယ့် အချက်အလက်တွေကို လူလယ်ကျ ကောက်မယ်။ ပြီးရင် ဒီကိန်းဂဏန်းတွေကို ပြပြီး၊ လိုရာဆွဲယူဖို့ သုံးဦးမယ်ဆိုရင်တော့ ဘယ်သူက လက်ခံနိုင်မလဲ။
အဲဒီတော့ မလုပ်သင့်လို့ ပြောနေကြတာ မဟုတ်ဘူး။ လက်မည်းကြီးနဲ့ လုပ်နေတော့ အကုန်ညစ်ပတ်နေလို့ ပြောနေကြတာပေါ့။
လက်မည်းကြီးနဲ့ လျှောက်လုပ်နေမယ့်အစား၊ ဘာမှ မလုပ်ပဲ ထိုင်နေလိုက်ပါ။ အဲဒါ ပိုကောင်းပါတယ်။

Unclog Your Blood Vessels and Lower Your Blood Pressure သွေးတိုးရောဂါ

Foods that Lower High Blood Pressure

Unclog Your Blood Vessels and Lower Your Blood Pressure with This Very Simple Solution

by Natasha Edwards

သွေးထဲမှာ ကိုလက်စ်ထရောတွေ စုဝေးနေပြီး သွေးလှည့်ပတ်မှုကို ပိတ်ဆို့စေတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အသက်အရွယ်နဲ့ မျိုးရိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆီးချို၊ သိုင်းရွိုက်အကြိတ်၊ အဝလွန်ခြင်း၊ ကျောက်ကပ်နဲ့ အသည်းရောဂါတွေကြောင့်လည်း သွေးကြောတွေ ထုံးနေတတ်ပါတယ်။ ဖိစီးမှု stress ကလည်း လူသိများတဲ့ အကြောင်းရင်းတခုပါပဲ။ အဲဒီလို စိုးရိမ်စရာတွေ မရှိရင် သွေးတိုးနဲ့ ကိုလက်စ်ထရော များတဲ့ အဖြစ်က လွတ်မယ်လို့ မပြောနိုင်သေးပါဘူး။ ဒါက အဆီများပြီး အမျှင်နဲ၊ အင်တီအောက်ဆီးဒင့်နဲ၊ လိုအပ်တဲ့ အဟာရတွေနဲ့တဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ နေ့စဉ်ကိုယ်ကာယ လှုပ်ရှားမှုနဲရင်၊ ဆေးလိပ်နဲ့ အရက်သောက်တာများရင်လည်း ဒီဝေဒနာကို ခံစားရတတ်ပါတယ်။
ကိုလက်စ်ထရောနဲ့ သွေးတိုးကို ချတဲ့ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေက ကိုလက်စ်ထရောထုတ်လုပ်ဖို့ လိုအပ်တဲ့အရာတွေကို ကိုယ်ခန္ဓာက ထုတ်မပေးဖို့ ဖေါ်စပ်ထားတာပါ။ သွေးထဲမှာရှိတဲ့ ကိုလက်စ်ထရောကို တစ်ရှုးတွေက ပြန်စုပ်ယူဖို့လည်း ဒီဆေးတွေက ကူညီပါတယ်။ ဒါမှ သွေးကြောတွေ မထုံးစေမှာဖြစ်ပါတယ်။
ကိုလက်စ်ထရော ချတဲ့ဆေးတွေက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း တွဲပါလာပါတယ်။ အဲဒီဆေးတွေကြောင့် အရမ်းဝလာတတ်ပါတယ်။ ကြွက်သားတွေ နာကျင်တာလည်း ခံစားရတတ်ပါတယ်။ အရေပြားမှာ အနီကွက်တွေပေါ်တာ၊ ဖူးယောင်တာတွေ ဖြစ်တတ်ပါတယ်။ အစာမချေနိုင်တဲ့ ပြသနာကတော့ အဖြစ်အများဆုံးပါပဲ။ ဒီဆေးတွေကို အသောက်များရင် သွေးထဲမှာ သကြားဓါတ်များလာမယ်။ ဆီးချိုဖြစ်လာနိုင်တယ်။ တခြားဘေးထွက်ဆိုးကျိုးတွေကတော့ အာရုံကြောပြသနာ၊ အသည်းနဲ့ ကျောက်ကပ် ပျက်စီးတာတွေပါပဲ။
ကိုလက်စ်ထရော များနေရင်၊ သွေးတိုးနေရင် ဆရာဝန်က အခြေအနေဆိုးမသွားဖို့ အပြောင်းအလဲတချို့ လုပ်ဖို့ မပြောဘဲနေမှာ မဟုတ်ပါဘူး။ အထူးကုဆရာဝန်ထံက ရနိုင်တဲ့ အကြံပေးစကားကတော့ - - -
= အသီးနဲ့ ဟင်းသီးဟင်းရွက် မျာများစားပါ။
= အဆီ၊ ဆားနဲ့ သကြား များများပါတဲ့အစားအစာတွေကို လျှော့ချပါ။
= ငါး၊ အစေ့၊ အဆံတို့လို ကျန်းမာရေးနဲ့ညီတဲ့ အဆီမျိုးကို စားပါ။
= နှလုံးသွေးကြောတွေက် လေ့ကျင့်ခန်း မိနစ် ၂၀ လောက် ပုံမှန်လုပ်ပါ။
= ဖိစီးမှု stress ကို လျှော့ချပြီး၊ အိပ်ရေးဝအောင် အိပ်ပါ။
= ဆေးလိပ်နဲ့ အရက်ဖြတ်ပါ။
ရောဂါကြာရှည်နေရင် ဆရာဝန်က ကိုလက်စ်ထရော ချတဲ့ဆေးတွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တာကြောင့် တခြားနည်းတွေကို သုံးဖို့ လိုလာပါလိမ့်မယ်။ သွေးကြောပိတ်တာ၊ သွေးတိုးတာအတွက် ရှေးနည်းကောင်းလေး တခုရှိပါတယ်။ တကယ့်ရိုးရိုးလေးပါ။
GARLIC ကြက်သွန်ဖြူ
  ပါဝင်တဲ့အရာများ-
= ကြက်သွန်ဖြူ ၄ ဥ
= ရှောက်သီးအရွယ်လတ် ၄ လုံး
= ရေနွေး ၃ လီတာ

နည်းစနစ်=
= ကြက်သွန်ဖြူကို အခွန်ခွါပါ။
= ရှောက်သီးတွေကို ဆေးပါ။ မသန့်သေးရင် အခွံမခွါပါနဲ့။
= ဆေးပြီးမှ ရှောက်သီးတွေကို သေးသေး စိတ်ပါ။
= ဗူးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ရှောက်သီးတွေကို ရောထည့်ပါ။
= အဖုံးပိတ်ပြီး ၃ ရက်လောက် နှပ်ထားပါ။

ကိုလက်စ်ထရောနဲ့ သွေးတိုးကို ရိုးရိုးလေးနဲ့ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကင်းစေတဲ့ ဆေးနည်းကလေးပါ။ ၃ ရက်ကြာတဲ့အခါ ထမင်းစားပြီးတိုင် လက်ဖက်စားဇွန်းနဲ့ တဇွန်း စားရုံပါပဲ။ တဖြည်းဖြည်းနဲ့ ဆေးအချိန်အဆကို ကိုယ်ခန္ဓာက လက်ခံလာတဲ့အတိုင်း တိုးစားသွားနိုင်ပါတယ်။  အများဆုံးတော့ တနေ့ကို ၅၀ မီလီလီတာပဲ စားရမယ်ဆိုတာ သတိရပါ။